ပို၍...ပို၍_Special ep

1.6K 74 5
                                    

မြက်ခင်းပြင်ပေါ် ပြေးလွှားနေသည့် puppy လေးနှစ်ကောင်နဲ့အတူ ဖြူဖြူလုံးလုံးကောင်လေး တစ်ယောက်သည်လည်း မနားတမ်းရှေ့ကပြေးလွှားနေသည်။

အင်္ကျီရှပ်ဖြူOver sizeကြီးနဲ့ Cotton Style pantအပျော့လေးကို ဝတ်ဆင်ထားတဲ့ ထိုလူသားလေးက မသိလျှင် အဖြူရောင် ပိတ်လုံးလေးလွင့်နေသလို။

ပြေးရင်းမြက်ခင်းပေါ်လှဲချလိုက်တာကြောင့် နောက်နားကပြေးလာတဲ့ puppyလေးတွေက ကိုယ်ပေါ်ထိ ခုန်တက်ကာ မျက်နှာကို နမ်းမည်ဟန် ပြင်ကာ မျက်လုံးလေးမှိတ် နှုတ်ခမ်းကြီး ရှေ့ကိုစူထွက်သွားလေသည်။

"အွင်းးးးးဘိုးတော်"

ဘယ်နှယ့် ဒိုးဒိုးနဲ့နိုးနိုး ထင်နေတာ၊ ဘယ်ဟုတ်လိမ့် မလဲ၊ သဝန်တို အူပုတ်ကြီး ၊ဒိုးဒိုးကို ဂုတ်ကဆွဲပီးဖယ်လိုက်ကာ ကိုယ်ပေါ်တက်အိပ်နေတဲ့ နိုးနိုးကိုလည်း ဖယ်ခွာခြင်းဖြင့် ကျွန်တော်ကိုယ်လေးကို ဆွဲဖက်ကာ မြက်ခင်းကြီးကို မွှေ့ယာထင်နေသော လူကြီး။

Papiiiiရဲ့ကိုယ်ပေါ် ရောက်နေတာကြောင့် အတင်းကုန်းရုန်းထရလေသည်။

ဒီလူကြီး မရှက်ဖူးလားမေးလည်း ကိုယ်တို့က လက်ထပ်ပီးသားဆိုပီး ရန်ပြန်စွာတက်သေးသည်။

"Papiiiiiiiiii"

"အွန်"

မျက်နှာပေါ်ရှိ အစိတ်အပိုင်းတို့နဲ့ အလုပ်ရှုပ်နေသော Papiiမှာ မထူးချင် ထူးချင်။

ခပ်ဝေးဝေးမှာ ခင်းကျင်းထားတဲ့ မုန့်နဲ့အအေးတွေရဲ့အနံ့ကလည်းမွှေးနေတဲ့အပြင် မျက်နှာလွှဲထားတဲ့ ဘော်ဒီဂတ်နှစ်ယောက်ကိုလည်း အားနာတာမို့ ခေါ်ထရတော့သည်။

"အအေးသောက်မယ်"

"ကိုယ့်ဘေဘီလေး တူတူထမယ် အားရိုးးး"

လှဲရက်ကနေ ဘေဘီကိုဖက်ရက်ထထိုင်ကာ ကိုယ်လေးကိုတစ်ခါတည်းမချီလိုက်ပီး ရင်ဘက်ကိုမှီတွယ်စေကာ ရှေ့တည့်တည့်က ဖက်လျှက်လိုက်ပါလာတဲ့ ဘေဘီကလည်း တခစ်ခစ်ရယ်ပီးလိုက်ပါလာလေသည်။

စာပွဲနားထိ ရောက်လာတော့ ဘေဘီသောက်ချင်တဲ့ အအေးကို အသင့်ထည့်ပေးပီးသားမို့ ခုံမှာချပေးပီး ထိုင်စေကာ ယူတိုက်လိုက်သည်။

ပို၍...ပို၍(ပို၍...ပို၍)Όπου ζουν οι ιστορίες. Ανακάλυψε τώρα