Zawgyi
" အားးးးးး "
ေ၀၀ူရှင်း၏ သွေးပျက်ဖွယ်ကောင်းသည့် အော်သံစူးစူး ကြောင့် ကမ္မဌာန်းစီးဖြန်းနေသည့် ဟန်ကွမ်ကျွင်း တစ်ယောက် အခန်းတံခါးအား ကန်ဖွင့်၍ ၀င်လာခဲ့ သည်။
ဘီချန်းသည်လည်း ဓားအိမ်မှ နိုးထနေခဲ့ပြီ။
ေ၀၀ူရှင်းသည် ကြမ်းပြင်တွင် လူးလိမ့်နေရာမှ ဟန်ကွမ်ကျွင်းအား စစ်ကူလှမ်းခေါ်ပါလေ၏။
" လန့်ကျန့်~~ မြန်မြန် ငါ့ကိုလာကယ်ဦး!"
ဟန်ကွမ်းကျွင်းသည် ကြမ်းပြင်တွင်ထိုင်ချလိုက်ကာ
ေ၀၀ူရှင်း၏ ခန္ဓာကိုယ်လေးအား စိုးရိမ်တကြီးထွေးပွေ့ လိုက်ပါ၏။" ဝေယဉ်~!"
ေ၀၀ူရှင်းသည် နားနှစ်ဖက်အား တင်းကြပ်စွာဖိပိတ် ထားပါ၏။
" ငါ့ကို တိုက်ခိုက်နေကြပြီ။ ငါ့အစွမ်းနဲ့မနိုင်တဲ့ ဖုတ်ကောင်တွေပဲ....အား~~!"
ဟန်ကွမ်ကျွင်းသည် အခန်းပတ်ပတ်လည်အား ကြည့်ရှု့စစ်ဆေးသော်လည်း မူမမှန်သည့် အငွေ့အသက်များ ရှိမနေ။
" ယီလင်းခေါင်းဆောင်အကြီးအမှူးကို ကယ်ပါနော်။
ဟန်ကွမ်ကျွင်း~~!"ေ၀၀ူရှင်းသည်ကား ဝေဒနာအကြီးအကျယ်ခံစားနေရပုံ ပေါ်နေပါ၏။
ဟန်ကွမ်ကျွင်းသည် အခန်းအား ဘယ်နှစ်ကြိမ်ပဲ စစ်ဆေး စစ်ဆေး အဖြေက အတူတူပင်။
မည်သည့်ဖုတ်သရဲမျှ ၀င်ရောက်ကျူးကျော်နေခြင်း မရှိ။
ဟန်ကွမ်ကျွင်းသည် စိုးရိမ်ပူပန်လာရပါ၏။
ယီလင်းခေါင်းဆောင်ပင် နားမလည်နိုင်သည့် ဖုတ်ကောင်သည် အနံ့အသက်ပင်မရှိလေသလော။မည်သို့ပင်ဆိုစေကာမူ သူသည် ဗျက်စောင်းအား ရှေ့ချလိုက်ကာ နှိမ်နင်းရန် ဟန်ပြင်လေ၏။
ေ၀၀ူရှင်းသည် ကမန်းကတန်းပင် ဟန်ကွမ်ကျွင်း လက်အား ဖမ်းဆွဲပါလေ၏။
" ငါ့ကိုဖက်ထား~~။ ဘယ်မှမသွားပါနဲ့။ ငါတစ်ယောက်ထဲ မသေချင်ဘူး~!"
" မသွားပါဘူး။ ဖုတ်ကောင်တွေကို နှိမ်နင်းမလို့လေ"
"ဟင့်အင်း~ မင်းရဲ့ဗျက်စောင်းလည်း နိုင်မှာမဟုတ် ဘူး!"
YOU ARE READING
Mo Dao Zu Shi (Comedy)
FanfictionMDZS Fanfiction (စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်) {စိတ်ကူးယဉ် သက်သက်မျှသာဖြစ်သည်}