နေရာပြောင်းအစီအရင်(၄)/ နေရာပြောင်းအစီအရင်(၄)

619 45 3
                                    

ညနေစောင်းအချိန်လေးသည် တိမ်တောက်မှု
ကြောင့် ထွက်ပေါ်နေသည့် ပုဇွန်ဆီရောင် တိမ်မျှင်များနှင့် အပန်းရောင်၊ ခရမ်းရောင်တို့
တွဲစပ်ထားသည့် တိမ်လိပ်များကြောင့် လှပ
တင့်တယ်လျက် ရှိနေသည်....။

တိမ်တောက်မှုကြောင့် လောကတခွင်လုံး တောက်ပဝင့်ထယ်နေပြီး မည်မျှ အရုပ်ဆိုးသူ ပင် ဖြစ်ပါစေဦး...တိမ်ရောင်အောက်မှ
အလှပဂေးတစ်ပါးဟု သမုတ်ခံရမည်သာ...။

ဤသို့ အေးချမ်းသာယာဖွယ် အလှများ ပေါ်ထွန်းနေချိန်၌ ခေါင်းမီးတောက်နေကြသည့် ပုဂ္ဂိုလ်များလည်း ရှိနေပါ၏....။

ယင်းကား.......

ဝမ်ရိပေါ် :: ''ပြောတော့ ခင်ဗျားက ရီလင်းသခင် အကြီးအမှူး ဝေ့ဝူရှန်းဆို...။ ဘာလို့ ဒါလေးတောင် မလုပ်နိုင်ရတာလဲ...''

ဝေ့ဝူရှန်း: : ''အဲ့လောက်လွယ်နေရင် လူတိုင်း
ဝေ့ဝူရှန်း ဖြစ်ကုန်မှာပေါ့ဟ.... ''

ဝမ်ရိပေါ်:: '' အပြောပဲ ရှိတယ်....။ မြန်မြန်လုပ် ကျွန်တော်ရဲ့ အင်တာဗျူးဖြေရမယ့် အချိန်
နောက်ကျနေပြီ...''

ဝေ့ဝူရှန်း:: '' လာလေ့.....ဟိုင်း....ယား..''

အဖြစ်ကား ဤသို့..... ။

ဝေ့ဝူရှန်း၏ နေရာပြောင်းအစီအရင်သည်
လောကနှစ်ခုဖြတ်သန်းသွားလာနိုင်သည် အထိ အဆင့်မြင့်တင်နိုင်ခဲ့သော်လည်း ထိုအစီအရင် ကို တစ်ခါသုံးစွဲရန် ချီစွမ်းအား များစွာ ကုန်ဆုံး လေသည်...။

ဝေ့ဝူရှန်းသည် ဝမ်ရိပေါ်အား ရှောင်ကျန့်၏
အိမ်တံခါးဝသို့ (၁)ခေါက်ပို့ပြီး မိမိနှင့်
လန်ဝမ်ကျီပါ ဒီဖက်လောကသို့ (၁)ခေါက်
ပြောင်းရွေ့ရသဖြင့် ချီစွမ်းအား လွန်စွာနည်းပါး နေပြီဖြစ်သည်....။

ယခင် ဝေ့ဝူရှန်း၏ သိဒ္ဓိအစွမ်းနှင့်ဆိုလျှင်
ဒီထက်မက စွမ်းဆောင်နိုင်သော်လည်း ယခုမူ မော့ရွမ်းယွီ၏ ခန္ဓာကိုယ်မှ သိဒ္ဓိစွမ်းသည် သေးနုပ်လှသဖြင့် ဤမျှသာ စွမ်းဆောင်နိုင်
ခြင်း....။

မည်သို့ပင်ဆိုစေကာမူ နေရာပြောင်းအစီအရင် အား မော့ရွမ်းယွီ၏ ခန္ဓာကိုယ်က ခံနိုင်ရည်
ရှိသည်ကပင် ကျေးဇူးတင်စရာဖြစ်သည်...။

Mo Dao Zu Shi (Comedy)Where stories live. Discover now