နေရာပြောင်းအစီအရင် (၂)

586 46 2
                                    

ညနေပိုင်းတွင် ပြသလေ့ရှိသည့် variety show တစ်ခု တင်ဆက်နေသံသည် ရှောင်ကျန့်၏ အခန်းအား လွမ်းမိုးထားပါ၏....။

ဒီကနေ့ ညပိုင်းမှသာ ရိုက်ကူးရေးရှိသဖြင့်
ရှောင်ကျန့်တစ်ယောက် မဝင်ရတာကြာပြီဖြစ် သော မီးဖိုခန်းဖက် လှည့်ဖြစ်သည်....။

အထီးကျန်နေရှာသည့် ရှောင်ကျန့်၏ မီးဖိုခန်း လေးသည် အတော်ပင် တိတ်ဆိတ်လျက်ရှိနေ သည်။

ပိုင်ရှင်၏ ချစ်ခင်ခြင်းမခံရ၍ စိတ်ကောက်နေ သော ကြောင်ကလေးတစ်ကောင်အလားပင်...။

ထိုတိတ်ဆိတ်နေမှုအား TV ၏ Variety Show အစီအစဉ်က ဖြိုခွဲလိုက်ပါ၏....။

အစီအစဉ်တင်ဆက်သူက ဝမ်ရိပေါ်အား
စနောက်လိုက်၍ တဝေါ်ဝေါ် တသောသော ရယ်မောသံများဖြင့် ညံသွားသံသည် မီးဖိုခန်းထိ တိုင်အောင် ပျံ့နှံ့လာသည်...။

ရှောင်ကျန့် အနည်းငယ်ဆူပုတ်ချင်သွား၏...။

//ဝမ်ရိပေါ်က ချောလွန်းတယ်။ အဲ့တော့ လူတိုင်း ရဲ့ အာရုံစိုက်ချင်စရာဖြစ်ရော...။ အဲ့တာတင်ပဲ လားဆိုတော့ မဟုတ်ဘူး..။ လောင်ဝမ်က မိန်းကလေးတွေအပေါ် အေးတိအေးစက် ဆက်ဆံတက်တော့ ပိုပြီး ထင်ပေါ်နေရောလေ...။ အဲ့တော့ ပွဲဆူစေချင်ရင် သူ့ကို နည်းနည်း လောက် ကလိပေးလိုက်တာနဲ့ စင်အောက်က မမလေးတို့က အာခေါင်ကွဲမတက် ထအော် ကြရောလေ....။ သူတို့အော်တာ အရေးမကြီးဘူး အခုတော့ ငါ့ရဲ့ တိတ်ဆိတ် အေးချမ်းနေတဲ့ အိမ်လေးက သူတို့ရဲ့ အာခေါင် ကွဲမတက် အော်သံကြောင့် ပျက်စီးသွားပြီမလား....ဟမ် //

Variety Show အစီအစဉ်ကြီး ဖွင့်ထားပြီး တိတ်တိတ်ဆိတ်ဆိတ် နေချင်တယ်ဟု
ရှောင်ကျန့် အော်နေခြင်းသည် သဘာဝကျပြီး
Variety Show တွင် အာခေါင်ကွဲမတက် အားပေးနေကြသည့် မမ​လေးများသည်က
သဘာဝမကျစွာ ဆူညံနေကြသည့် အပြစ်သား များ ဖြစ်ကြလေသည်....။

သို့သော်ငြား TV အစီအစဉ်သည်လည်းကောင်း စင်အောက်က မမလေးများသည်လည်းကောင်း ရှောင်ကျန့်အား အရေးမလုပ် ရေးချာ မလုပ်ပါ လေ....။

Variety Show ဖြစ်သည်နှင့်အညီ ရယ်ရွှင်ဖွယ် ကြည်နူးဖွယ် အရသာစုံဖြင့် အင်တိုက် အားတိုက် ရှိလှပေသည်....။

Mo Dao Zu Shi (Comedy)Where stories live. Discover now