ပြွတ်စ်~ပြွတ်စ်/ ပြွတ်စ်~ပြွတ်စ်

6.8K 497 27
                                    

Zawgyi

ယွင်မုန့်မြို့ မုန့်ဈေးတန်းတွင်ဖြစ်သည်။

မဟူရာဝတ်ရုံပိုင်ရှင်နှင့် နှင်းပွင့်လွှာဝတ်ရုံပိုင်ရှင်တို့
ပနံတင့်စွာ လျှောက်လှမ်းနေကြသည်။

မဟူရာဝတ်ရုံပိုင်ရှင်သည်ကား သူ၏ခါးထက်တွင် ခြူမြီးတပ် အနက်ရောင်ပလွေတစ်ချောင်း ချိတ်ဆွဲထားလေ၏။

ကျန်တစ်ဦးသည်ကား ဗျက်စောင်းအား ကျောတွင် လွယ်ထားလျက် အသရေတင့်တယ်သည့် ဓားတစ်ချောင်းအား ကိုင်ဆောင်ထားပါ၏။

ေ၀၀ူရှန်းနှင့် လန်ဝမ်ကျီသာ ဖြစ်လေသည်။

" လန်ကျန့်~လန်ကျန့်~ !"

" အင်း~"

" ဟိုမှာကြည့်စမ်း...သကြားကပ်တုတ်ထိုးတွေကွ !"

ေ၀၀ူရှန်းသည် ပြောပြီးသည်နှင့် ထိုဈေးသည်ဆီသို့ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ ပြေးဝင်လေသည်။

ဈေးသည်ကား ပြူပြူငှါငှါဆက်ဆံပါ၏။

" သခင်လေး....မုန့်တွေဝယ်သွားပါဦး !"

ေ၀၀ူရှန်းသည် ပြုံးဖြီးနေရင်း ......

" ကျနော့်ကို မုန့်အကုန်လုံး တစ်ခုဆီထည့်ပေး !"

ေ၀၀ူရှန်း၏နောက်တွင် လန်ဝမ်ကျီသည်က ငွေကြေး အများအပြားပါဝင်သည့် အိတ်ငယ်လေးအား ကိုင်ဆောင်ထားရင်း သကြားဖေဖေလုပ်ရန် အဆင်သင့်....။

ေ၀၀ူရှန်းသည် မုန့်များအား ပလုပ်ပလောင်းစားရင်း သကြားကပ်တုတ်ထိုးတစ်ချောင်းကိုပင် စားရန် အဆင်သင့် ကိုင်ဆောင်ထားလေ၏။

မုန့်များတစ်ပွေ့တစ်ပိုက်နှင့်ေ၀၀ူရှန်းသည် သကြား
ကပ်တစ်လုံးအား ဆွဲဝါးလိုက်ပါ၏။

" ယွင်မုန့်မြို့က မုန့်တွေက စားလို့အကောင်းဆုံးပဲ။ ဟ~ဟ ..."

လန်ဝမ်ကျီသည်ကား ငွေရှင်းလျက်ရှိသည်။

ထိုအခိုက်....သကြားများပေပွနေသည့်ေ၀၀ူရှန်း၏ နှုတ်ခမ်းပေါ်သို့ ယင်ကောင်တစ်ကောင် ၀င်နားပါ၏။

[သကြားကပ်နှုတ်ခမ်းဟေ့...၀ီ...၀ီ]

သို့သော်ေ၀၀ူရှန်း၏နှုတ်ခမ်း တစ်ချက်လုပ်သည်ဆို လျှင် ယင်ကောင်ပျံပြေးလေ၏။

Mo Dao Zu Shi (Comedy)Where stories live. Discover now