ဘယ်လိုချစ်ကြမလဲ။/ ဘယ်လိုချစ်ကြမလဲ။

5.4K 367 18
                                    

Zawgyi

ဝေ့၀ူရှန်းနှင့် ဂျင်ကွမ်းယောင်(မုန့်ယောင်)တို့ ယနေ့ခေတ်တွင် ဆုံကြရာဝယ်...

" ခင်ဗျားက မုန့်ရောင်းတဲ့သူ မဟုတ်လား "

ဂျင်ကွမ်းယောင်သည် မုန့်မျိုးစုံကုန်ဆုံဆိုင် ဖွင့်ထားလေသည်မှာ အမှန်ပင်...။

ဝေ့၀ူရှန်း၏ စကားကိုကြားသော် မုန့်ယောင်သည် ပါးချိုင့်လေးပေါ်အောင် ပြုံးလိုက်ရင်း .....

" မုန့်ပဲရောင်းတာမဟုတ်ပါဘူး အ၀တ်လည်း လျှော်တယ်...။ "

ပြောရင်းဆိုရင်း အဖြူရောင် အင်္ကျီ၊ ဘောင်းဘီများကို ပွေ့ပိုက်ကာ တစ်ဖက်ခန်းတွင်ရှိသော အ၀တ်လျှော် စက်ဆီသို့ ထွက်သွားလေသည်..။

သူကိုင်ထားသည်က ဇယ်ဝူကျွင်း၏၀တ်စုံများ...။

ပင်မင်းဆိုင်၏နာမည်သည်
*အချစ်အတွက် အ၀တ်လျှော်စက်*ဟူ၍။

ဝေ့၀ူရှန်းသည် မနေနိုင်စွာ အော်ရယ်မိလေ၏။

" အချစ်အတွက် အ၀တ်လျှော်စားမယ့် မုန့်ရောင်းသူကြီးပေါ့လေ...ဟား ဟား ဟား..."

ထိုစဉ် လန်ဝမ်ကျီထံမှ ဖုန်းဝင်လာလေ၏။

" ဟဲလို...လန်ကိုကိုလေး ငါ့ကိုလွမ်းနေပြီလား "

" အင်း...ငါ ဧကရာဇ်ပြုံးဝင့်သေရည် ချက်နေတာ လာမြည်းကြည့်တော့.."

" အားရိုး....ငါအခုလာပြီ ဟ ဟ "

ထိုအချင်းအရာအား ကြားလိုက်ရသည့် မုန့်ယောင် သည် ....ခပ်လှောင်လှောင်ပြုံးလိုက်ပြီး...

" ငါက အ၀တ်ပဲလျှော်တာ သူကတော့ သမာဓိပိုင်ရှင် ဟန်ကွမ်ကျွင်းကို သေရည်ချက်ခိုင်းနေပြီးတော့...။
သေရည်အိုးထဲ ရှလူးကြဦးမှာ မြင်ယောင်သေးတယ်။ ဟမ့်..."

ထိုစဉ် ဇယ်ဝူကျွင်းရောက်ရှိလာပြီး မုန့်ယောင် လျှော်ထားသည့် ၀တ်စုံများအား လှန်းရန် ရေခါလိုက်လေ၏။

" ဗျိ....~~"

မုန့်ယောင်က သက်ပြင်းချကာ ဆိုပါ၏။

" ဇယ်ဝူကျွင်း....တစ်နေ့တစ်စုံဖြဲဖို့များ အဓိဋ္ဌာန်​ချ ထားတာလား...ဟင် "

Mo Dao Zu Shi (Comedy)Where stories live. Discover now