နေရာပြောင်းအစီအရင် (၃)/ နေရာပြောင်းအစီအရင် (၃)

451 47 1
                                    

ရုတ်တရက် ထွက်ပေါ်လာသည့် စကားသံ
ကြောင့် ရှောင်ကျန့်ကော ဝမ်ရိပေါ်ပါ ထခုန်မိ
မတက် လန့်သွားကြသည်...။

ရှောင်ကျန့်က သူ့အိမ်ထဲ၌ သူခိုးဝင်နေသည်ဟု ထင်မိသည့်အတွက် အနီးက အလှပြစင်တွင် တင်ထားသည့် ဓားရှည်တစ်ချောင်းအား ဆွဲကိုင် လိုက်ပါ၏...။

ထိုဓားရှည်သည်ကား The Untamed အဖွဲ့သား များက လက်ဆောင်အဖြစ် ပေးထားသည့်
ဝေ့ဝူရှန်း၏ လက်စွဲတော်ဓားရှည်
" ဆွေ့ပျံ့ ''.....။

" ဘယ်သူလဲ.... ထွက်လာခဲ့စမ်း ''

ဝမ်ရိပေါ်လည်း အသံသည် မသင်္ကာဖွယ်
မရိုးသားမှန်းသိသည်နှင့် ခေါက်ဆွဲ ပန်းကန်
အား မ,ကာ ရှောင်ကျန့်၏ နောက်၌ ဝင်ပုန်း လိုက်၏...။

//ကျန့်ကောမှာ ဓားရှိတယ်။ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး... //

ထို့နောက် ခေါက်ဆွဲ ဆက်စားနေပါ၏..။

ခပ်ရွှင်ရွှင်ရယ်သံသည် ထပ်မံထွက်ပေါ်လာပြန် သည်...။

" အိုင်းယိုး.... ဓားကြီးကိုင်ထားပြီးတော့
ခုတ်ကော ခုတ်တက်လို့လား..ဟ ဟ ''

ခပ်ရွှင်ရွှင်ရယ်သံသည် ဘယ်ဆီက လွင့်ပျံလာ မှန်း ခန့်မှန်းရခက်လှ၏....။

ထိုအသံပိုင်ရှင်ကို ရှောင်ကျန့်ကော ဝမ်ရိပေါ်ပါ
ရင်းနှီးနေသော်ငြားလည်း ဘယ်သူ ဘယ်ဝါမှန်း မခွဲခြားနိုင်ပေ.....။

သို့နှင့် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း ဆုံလိုက်ကြပြီး မျက်ခုံးချင်းစကား
ဖလှယ်လိုက်ကြသည်...။

ရှောင်ကျန့်သည် မျက်ခုံးလေး ပင့်၍ ပင့်၍....။

ရှောင်ကျန့်: : ဝမ်ရိပေါ်.. အဲ့ဒါဘယ်သူလဲဆိုတာ မင်းသိလား?

ဝမ်ရိပေါ်သည်လည်း ခေါက်ဆွဲပလုပ်ပလောင်း ဖြင့် မျက်ခုံးလေး ဝင့်၍ ဝင့်၍....။

ဝမ်ရိပေါ်: : မသိဘူး...။ ခင်ဗျားကော?

ရှောင်ကျန့်: : ငါလည်း မသိဘူးဟ! !

ရှောင်ကျန့်နှင့် ဝမ်ရိပေါ်တို့နှစ်ဦး မျက်ခုံးချင်း စကားပြောနေစဉ် အသံသည် ထပ်မံထွက်ပေါ်လာပြန်၏....

Mo Dao Zu Shi (Comedy)Where stories live. Discover now