နေရာပြောင်း အစီအရင်/ နေရာပြောင်း အစီအရင်

651 66 2
                                    

မထင်မှတ်ထားသည့် လှည့်ကွက်များစွာက ကမ္ဘာပေါ်တွင် နေရာဒေသမရွေး ရှင်သန်နေကြသည်။

လျှို့ဝှက်ချက် အသွယ်သွယ်ကလည်း
တစ်ယောက် မဟုတ် တစ်ယောက်၏ ရှာဖွေတွေ့ရှိခြင်းကို ခံနေရသည်။

တံခါးဆိုသည်ကလည်း မလာစေချင်၍ သော့ခတ်ထားသည့် နေရာဖြစ်သကဲ့သို့ ဖွင့်စေလို၍ တံခါးဟု ပုံနှိပ်ထားခြင်းဖြစ်လေ၏။

ဒီလိုဆန်းကျယ်လေလေ ဝေ့ဝူရှန်းက
စိတ်ဝင်တစား လေ့လာလေလေပင်ဖြစ်သည်။

အကယ်၍ နေရာပြောင်းအစီအရင်ကသာ
သူလိုရာကို ရောက်စေနိုင်ရိုးမှန်လျှင်........။

***

ခပ်စူးစူးနေရောင်က ဝေ့ဝူရှန်း၏ မျက်နှာပေါ်သို့ နေရခက်အောင် ထိုးနေလေ၏။

နေရခက်နေသော်လည်း မျက်မှောင်ကျုံ့ထားရုံကလွဲ ဝေ့ဝူရှန်း ကိုယ်တစောင်းပင် မလှည့်ချင်အောင် ပင်ပန်းနေသည်။

"လန်ကျန့်"

ခပ်တိုးတိုးညည်းလိုက်သံသည် ဝေ့ဝူရှန်းကိုယ်တိုင်ပင် သေချာမကြားရသော်လည်း
ဝေ့ဝူရှန်း အိပ်စက်ရာ ကုတင်ဘေးတွင် စာဖတ်နေသည့် လန်ဝမ်ကျီကတော့ ကြားဖြစ်အောင် ကြားပါ၏။

ခဏချင်းပင် နေရောင်သည်လည်း ဝေ့ဝူရှန်းပေါ်သို့ သက်ရောက်ခြင်းမရှိတော့....။

လန်ဝမ်ကျီကိုတော့ နေရောင်ထိုးရာနေရာ၌ တံတိုင်းသဖွယ် မားမားမတ်မတ်ရပ်တည်၍ အရိပ်ဖြစ်နေစေသည်ကို တွေ့ရပေလိမ့်မည်။

နာရီဝက်မျှ ထပ်မံအိပ်စက်ပြီးနောက် နှိုးထလာသည့် ဝေ့ဝူရှန်းသည် မျက်စိမှိတ်လျက်သားနှင့်ပင် ငွေနှင်းပန်းကဲ့သို့ ကြည်လဲ့နေသည့်
လန်ဝမ်ကျီကို ရှာဖွေပါလေ၏။

"လန်ကိုကိုလေး......မင်းဘယ်မှာလဲလို့"

" ငါ ရှိတယ် "

ထိုအသံနှင့်အတူ လက်ဆန့်တန်းထားသည့်
ဝေ့ဝူရှန်း၏ လက်ဖဝါးပြင်အား နွေးထွေးသန်မာသည့် လန်ဝမ်ကျီ၏ လက်တစ်စုံက ထွေးကိုင်လိုက်ပါ၏။

" ငါ ရှိတယ် "

လန်ဝမ်ကျီ၏ အသံသည် ငြိမ်းအေးသက်သာစွာ...... ။

Mo Dao Zu Shi (Comedy)حيث تعيش القصص. اكتشف الآن