လာမစမ်းနဲ့..../ လာမစမျးနဲ့....

5.3K 373 24
                                    

Zawgyi

ရေအေးလေးများ တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းလေးတွင်ဖြစ်သည်။

ရေစီးကြောင်းတစ်လျှောက် အ၀တ်လျှော်ရန်၊ ရေချိုး ရန် အလို့ငှါ တံတားဆိပ်လေးများ အပြိုင်ထိုးထား ကြလေ၏။

တံတားဆိပ်တစ်ခုတွင် နဖူးတွင် အနီရောင်အစက် ထင်းထင်းဖြင့် အ၀ါရောင်ဝတ်ကလေး တစ်ယောက် နှင့် အဖြူရောင်ဝတ် လူကြီးတစ်ယောက် အ၀တ် လျှော်နေကြ၏။

ယင်းကား ကလေးအရွယ် ဂျင်းကွမ်းယောင်ပုတုနှင့် လူကြီး လန်ရှီးချန်ဖြစ်လေ၏။

လက်သေးသေးလေးများဖြင့် အ၀တ်လျှော်နေသည့် ဂျင်ကွမ်းယောင်ပုတုအား လန်ရှီးချန်က စိတ်မချလေဟန် တားမြစ်နေလေ၏။

" မုန့်ယောင်....မလျှော်နဲ့တော့ ကိုကိုက ကိုယ့်ဘာသာလုပ်မယ်လေနော်..."

ဂျင်းကွမ်ယောင်ပုတုလေးသည် မျက်စောင်းခဲရင်း ပါးစပ်သေးသေးလေးဖြင့် ပြန်ခံပြောလေ၏။

" မဖြစ်ဘူး...ကိုကိုက ထပ်ဖြဲပစ်မှာ ဟွန့် "

လန်ရှီးချန်သည် ဘာမှမတက်နိုင်သည့်အလား
ဘေးကနေသာ ထိုင်ကြည့်နေရလေ၏။

မာဆတ်သီးဖြင့် အ၀တ်လျှော်၍ ကျလာနေသည့် အမြုပ်များက ချောင်းတစ်လျှောက် တစီစီ..။

ယင်းတံတားဆိပ်ထက် ရေစီးကြောင်းအောက် ပိုရောက်သည့် တံတားဆိပ်တွင်လည်း အမဲရောင်ဝတ် ကလေးတစ်ယောက်နှင့် အဖြူရောင်ဝတ် လူကြီး တစ်ဦး ပန်းကန်ဆေးကြောနေလေ၏။

ယင်းတို့ကား ကလေးအရွယ် ဝေ့၀ူရှန်းနှင့် လူကြီး လန်ဝမ်ကျီ ဖြစ်လေ၏။

လန်ဝမ်ကျီသည် စားသောက်ပြီးသည့် ပန်းကန်များ အား ငြိမ်သက်စွာ ဆေးကြောနေ၏။

ဝေ့၀ူရှန်းပုစိသည်ကား ရေထဲသို့ ခြေထောက်ဆင်း ရင်း ရေဆော့နေလေ၏။

မြည်းပေါက်စလေးတစ်ကောင်သည်လည်း ခပ်လှမ်းလှမ်းတွင် မြက်ချိုနုနုလေးများအား ပျော်ရွင် စွာ ၀ါးစားနေလေ၏။

ရုတ်တရက် ဝေ့၀ူရှန်းပုစိက ထအော်လေ၏။

" ဂျင်ကွမ်းယောင်.. ....မင်းဟာ လူယုတ်မာ !"

Mo Dao Zu Shi (Comedy)Where stories live. Discover now