part-1

8.1K 429 33
                                    

"သား ~ အိမ်​​တော်​ကြီးဆီဘက်
မသွားရဘူး​နော်​~"

"ဟုတ်​ကဲ့ ​ဖေ​ဖေ"

ဖေ​ဖေ​ပြောမှ ဟိုးးဘက်​ခြံကျယ်​ကြီး
ဆီဆယ်​ဟွန်းမျက်​လုံး​လေးက​ရောက်​သွား​လေ၏.....

"ကဲ အဲ့ဆို​ဖေ​ဖေ သူ​ဌေးကြီးနဲ့
နယ်​ဘက်​လိုက်​သွားရမယ်​ အိမ်​ထဲမှာပဲ
ဆော့​နော်​ "

"ဟုတ်​"

ဖေ​ဖေက ဆယ်​ဟွန်းပါး​လေးကို
ခပ်​ဖွဖွနမ်းပြီး အိတ်​ယူကာထွက်​သွား​လေ၏..

ဆယ်​ဟွန်းတို့သားဖနှစ်​​ယောက်​က ဒီပတ်​အိမ်​​တော်​ကြီးထဲမှာ​နေတာ ၁လ​တောင်​မပြည့်​​သေးဘူး....

မေ​မေဆုံးပြီး ​ဆောက်​တည်​ရာမရ​တော့တဲ့
ဆယ်​ဟွန်းတို့သားဖတွက်​ ဒီပတ်​အိမ်​​တော်​ကြီးမှာ ​အလုပ်​ရတာကအ​တော်​ကိုဝမ်းသာစရာဖြစ်​ခဲ့ရ၏....

နေစရာလည်း​ပေးတဲ့အပြင်​ လခလည်း
အများကြီးရ​တော့ ဆယ်​ဟွန်းလည်း​ကျောင်းတက်​ရတာ အ​တော်​ကိုအဆင်​​ပြေတာ​ပေါ့....

အခုလို​ကျောင်းပိတ်​ရက်​ရှည်​ဆို​တော့
အိမ်​ထဲမှာကျိ​နေရတာအ​တော်​ပျင်းဖို့​ကောင်းတယ်​.....

တခြားအလုပ်​သမား​မိသားစု​တွေလည်းရှိကြ​ပေမဲ့ ဆယ်​ဟွန်းနဲ့ရွယ်​တူက​လေးမပါဘူး​လေ..

"ဟူးးး ပျင်းလိုက်​တာ.."

အိမ်​​ရှေ့မှာထိုင်​​နေရင်း ​ဖေ​ဖေမှာထားတဲ့အိမ်​ကြီးဆီဘက်​ခဏလှမ်းကြည့်​လိုက်​မိသည်

"အိမ်​ကြီးကလည်းအကြီးကြီးပဲ"

ဖေ​ဖေအလုပ်​ရှင်​​တွေက​တော်​​တော်​ချမ်းသာပုံရတယ်​ နန်း​တော်​ကြီးလိုကြီးကျယ်​ခမ်းနားတဲ့အိမ်​ကြီးအပြင်​ အ​တော်​​တော်​ကိုကျယ်​ဝန်းတဲ့ခြံကြီးပါပိုင်​ဆိုင်​ထားတယ်​...

ဆယ်​ဟွန်း​တွေး​နေရင်း အဲ့အိမ်​ဘက်​သွားချင်​စိတ်​ကထိန်းမရ​တော့​ပေ...

"ခဏသွားကြည့်​တာပဲ ဘာမှမဖြစ်​​လောက်​ပါဘူး ဟု​တ်​တယ်​ သွားကြည့်​မယ်​"

Infatuated LOVE [Completed]Where stories live. Discover now