part-8

2.9K 342 19
                                    

"အကိုရှင်း ဦး​လေးကျန်း သက်​သာရဲ့လား?"

မနက်​စာစား​နေတုန်း ဆယ်​ဟွန်းက
ကော်​ဖီ​ဖျော်​ဖို့ပြင်​​နေတဲ့ရီရှင်းကို​မေးလိုက်​၏...

ချန်း​ယောလ်​က​​တော့ ကုမ္ပဏီမှာအစည်း​ဝေးရှိတာမို့အ​စောကြီးသွား​လေရဲ့...

ကျောင်းပိတ်​ရက်​ဆို အကိုကြီးကအဲ့လိုပဲ
သူ့အ​ဖေကုမ္ပဏီမှာဝင်​ကူ​နေကြ...

"အင်း ​တော်​​တော်​​လေးသက်​သာလာပြီ"

"​တော်​​သေးတာ​ပေါ့"

အိမ်​​တော်​ထိန်းကျန်းက လွန်​ခဲ့တဲ့၂နှစ်​​လောက်​ကတည်းက​လေဖြတ်​သွားလို့အလုပ်​က​နေအနားယူလိုက်​ရသည်​...

ဒါမဲ့အကိုကြီးနဲ့ရွယ်​တူ အရမ်းအားကိုးရတဲ့ အကိုရီရှင်းကို သူ့​နေရာကိုပို့​ပေးခဲ့သည်​..

အကိုကြီး​ဖေ​ဖေက​တော့ အိမ်​​တော်​ထိန်းကြီးဖြစ်​ပြီးသိပ်​မကြာပါဘူး​ကောင်​မ​လေးငယ်​ငယ်​​လေးနဲ့အိမ်​​ထောင်​ပြုပြီးအပြင်​မှာခွဲ​နေတယ်​​လေ

"ဟွန်းနီး~"

"ဗျာ!"

"မ မ​နေ့ည ချန်း​ယောလ်​က ဘယ်​ကို
ခေါ်သွား​သေးလဲဟင်​??"

"​အော်​~ သူ့အခန်းထဲက​မြေ​အောက်​ခန်းကိုလိုက်​ပြတာပါ ဟွန်း​လေ တခါမှမ​ရောက်​ဖူးဘူး အကိုရှင်း​ရော​ရောက်​ဖူးလား??"

"​မြေ ​မြေ​အောက်​ခန်း?"

"အွန်း"

အကိုရှင်းပုံစံကနည်းနည်းထူးဆန်း​နေ​လေသည်

"ဘာဖြစ်​လို့လဲ အကိုရှင်း?"

"ဘာ ဘာမှမဟုတ်​ပါဘူး အကိုလည်း
မ​ရောက်​ဖူးဘူးရယ်​"

ဆယ်​ဟွန်းက​ခေါင်း​လေးတငြိမ့်​ငြိမ့်​နဲ့

"အဲ့ဆို ဟွန်းနီး​ကျောင်းသွားမယ်
လိုက်​ပို့​ပေး​တော့"

"အင်း သွားကြမယ်​​လေ..."

အကိုရှင်းနဲ့​ကျောင်းကို ဆယ်​ဟွန်းထွက်​လာခဲ့​တော့သည်​....

ကျောင်းခန်းထဲ​ရောက်​​တော့ မင်​​ဆော့က
မလာ​သေးဘူး..ဒါနဲ့စာ​ရေးစရာရှိတာ​ရေး​နေလိုက်​တယ်​.....

Infatuated LOVE [Completed]Where stories live. Discover now