part-5

3.1K 396 16
                                    

"ဆယ်​ဟွန်းကို အိမ်​မှာ​ခေါ်ထားမယ် ​ဖေ​ဖေ"

"ဟင်​! အင်း သား​သ​ဘော​လေ
ဒါမဲ့ ဆယ်​ဟွန်း​လေးသ​ဘောကိုလည်း
မေးကြည့်​ပါအုံး"

ချန်း​ယောလ်​ ​​​သောက်​လက်​စ​ကော်​ဖီခွက်​ကို
အသာစားပွဲချရင်း....

"သား​ခေါ်ရင်​ သူလာမှာပါ"

"ဟုတ်​တယ်​သူ​ဌေး ဆယ်​ဟွန်း​လေးက
ဆွေမျိုးရယ်​လို့သိပ်​မရှိရှာဘူး"

အိမ်​​တော်​ထိန်းကြီးကပါ ဝင်​​ပြော
ပေးရှာ​လေသည်​....

"အင်းပါ ​ဖေ​ဖေအ​နေနဲ့ဘာမှ​ပြောစရာမရှိပါဘူး
သူတစ်​​ယောက်​တိုးလာ​တော့ သားအတွက်​လည်းအ​ဖော်​ရတာ​ပေါ့"

"အဲ့ဆို ဆယ်​ဟွန်းကိုသွား​ခေါ်
လိုက်​အုံးမယ်​"

ချန်း​ယောလ်​​ဖေ​ဖေကိုခွင့်​​တောင်းပြီးတာနဲ့
ချက်​ချင်းပဲဆယ်​ဟွန်းတို့အိမ်​ဘက်​ထထွက်​သွား​လေ၏.....

"သူ​ဌေး အကို​လေးက ဆယ်​ဟွန်း​လေးကို
သိပ်​သံ​ယောဇဉ်​ရှိရှာတာ ​တွေ့တာခဏ​လေး​ပေမဲ့ "

"အင်း သူ့မှာအဲ့လိုခင်​ရမင်​ရသူဆိုတာ
ရှိမှမရှိခဲ့တာ ခင်​ရှာမှာ​ပေါ့ စိတ်​ချမ်းသာသလို​နေပါ​စေ​လေ "

"ဟုတ်​တယ်​ ကျ​တော်​လည်း
အဲ့လိုပဲ​တွေးမိတယ်​..."

သူ​ဌေးပတ်​သ​ဘောကျစွာပြုံးလိုက်​မိသည်
သူ့သား​လေးပုံမှန်​လူလိုဖြစ်​လာ​တော့မယ်​​လေ


"ဆယ်​ဟွန်း!"

အိမ်​အပြင်​က​နေလှမ်း​ခေါ်​တော့
ဆယ်​ဟွန်းကခပ်​သုတ်​သုတ်​ဖြင့်​ထွက်​လာတယ်

"အကိုကြီး!"

"အင်း မင်းအင်္ကျီ​တွေထည့်​​တော့
ပြီးရင်​ ငါနဲ့ဟိုဘက်​အိမ်​ကြီးဆီမှာလိုက်​​နေရမယ်

"ဗျာ!!"

"ဟုတ်​တယ်​ ငါမင်းကို​ကျောင်းလည်းဆက်​ထား​ပေးမယ်​ ​နေစရာလည်း​ပေးမယ်​ စားစရာလည်း
ပေးမယ်​..."

၁၃နှစ်​အရွယ်​​ကောင်​​လေးက ၁၀နှစ်​အရွယ်​​ကောင်​​လေးကိုဒီလိုစကား​တွေ​ပြောတာဟာကြားတဲ့သူအဖို့ ရီစရာ​တော့​ကောင်း​မှာ​သေချာပါတယ်​...

Infatuated LOVE [Completed]Where stories live. Discover now