part-11

2.4K 317 27
                                    

"ဆယ်​ဟွန်း !"

"​အော်​~ ရီဖန်​ လာ ထိုင်​​လေ"

"မင်​​ဆော့ကိုမ​တွေ့မိဘူးလားလို့"

"ဟုတ်​တယ်​ အဲ့​ကောင်​ဒီ​နေ့​ကျောင်းမလာဘူး
သူအ​မေနဲ့စိတ်​​ကောက်​လို့ဆိုလားပဲ"

"ဟ ဟ က​လေးကျလို့​နော်​"

"ဟုတ်​ပ"

ရီဖန်​နဲ့ဆယ်​ဟွန်းစကား​ပြော​နေတုန်း
အကိုကြီးဆီကဖုန်းဝင်​လာ၏...

📱"ဟဲလို အကိုကြီး~"

"အချစ်​ ည​နေအကိုကြီးအ​စောကြီး
ပြန်​လာမှာ အဲ့ဒါညစာအတူတူချက်​စားကြမယ်​"

"ဟုတ်​ အကိုကြီး စားကြမယ်​​လေ"

"အဲ့ဒါလှမ်း​ပြောတာ အခုဘာလုပ်​​နေလဲ?"

"အာ~ ဒီမယ်​ကန်​တင်းမှာ​နေ့လယ်​စားရင်း
သူငယ်​ချင်းနဲ့စကား​ပြော​နေကြတာ"

"ဘယ်​သူနဲ့လဲ?"

အကိုကြီးအသံကချက်​ချင်းဆိုသလို
တစ်​မျိုး​ပြောင်းသွား​လေ၏...

"ရီဖန်​နဲ့ပါ အကိုကြီး"

"​အော်​~ ည​နေ ​စော​စောကားလွှတ်​လိုက်​မယ်​"

"ဟုတ်​" 📱

ဆယ်​ဟွန်းဖုန်းချပြီး​တော့ ရီဖန်ရဲ့
စပ်​စုသလိုအကြည့်​တို့​ကြောင့်

"ကြည့်​မ​နေနဲ့ ဝူရီဖန်​ ငါ့​ယောက်ျား
ဖုန်းဆက်​တာ.."

"မင်း​ယောက်ျား?"

"​အေး​လေ ဟိုဂျပုက အဲ့ကိစ္စ
မ​ပြောပြဘူးလား?"

"ဟင့်​အင်း မ​ပြောပြပါဘူး"

"..............."

"မင်းက ငယ်​ငယ်​​လေးရှိ​သေးတာကို
ဘယ်​လိုဖြစ်​ပြီး~"

"အ​ခြေ​နေအ​ကြောင်း​ကြောင်း​ပေါ့ကွာ"

"မင်းကအဲ့တစ်​​ယောက်​ကိုမချစ်​ဘူးလား?"

"ချစ်​တာ​ပေါ့ကွ! "

"​အော်​~ ဒါနဲ့ ငါဒီ​နေ့ မိဘမဲ့ပရဟိတမှာ
လုပ်​အားသွား​ပေးမလို့လိုက်​မလား?"

"ပရဟိတအသင်း??"

"အွန်း"

ဆယ်​ဟွန်း​ကအဲ့လို​တွေအရမ်းဝါသနာပါတယ်
အကိုကြီး​ကြောင့်​မလုပ်​ဖြစ်​တာ...

Infatuated LOVE [Completed]Where stories live. Discover now