part-7

3K 369 49
                                    

"အ​ခြေ​နေဘယ်​လိုဖြစ်​သွားပြီလဲ ရီရှင်း"

"ဟုတ်​ကဲ့ အဲ့​ကျောင်းသား​လေး
၂နှစ်​​လောက်​​တော့မထနိုင်​​အောင်​လုပ်ခဲ့ပါတယ်

"ဟက်​~ မင်းသိပ်​​တော်​တယ်​ ရှင်း!"

"စိတ်​ချ ဆယ်​ဟွန်းနီး​ကျောင်းပြီးတဲ့ထိ
အဲ့​ကောင်​​လေးအနားကပ်​နိုင်​မှာမဟုတ်​​တော့ဘူး...."

"ဆယ်​ဟွန်း​နောက်​ကိုလူလွှတ်​ထားပြီလား?"

"အင်း လွှတ်​ထားတယ်​"

"ဆယ်​ဟွန်းမရိပ်​မိ​စေနဲ့ ပြီး​တော့ သူ့ကိုရိသဲ့သဲ့
လုပ်​တဲ့​ကောင်​မ​​တွေ​ရော​ကောင်​​တွေပါ ဒီနည်းလမ်းအတိုင်းလုပ်​​ပေးလိုက်​!"

"​အေးပါ ချန်း​ယောလ်​~"

"သွားလို့ရပြီ ဆယ်​ဟွန်းကို
ငါသွားကြိုမယ်​ မင်းနားလိုက်​​တော့"

"အင်း"

ရီရှင်းထွက်​သွားမှ ချန်း​ယောလ်​အ​ပေါ်ကုတ်​ထပ်​ဝတ်​ကာဆယ်​ဟွန်း​ကျောင်းဘက်​ကိုဦးတည်​လိုက်​သည်​......

ကျောင်း​ရှေ့​ရောက်​​တော့ ​ကျောင်းကမဆင်း​သေးဘူး ကား​ပေါ်မှာပဲ ဖုန်းကြည့်​ရင်း
စောင့်​​နေလိုက်​တယ်​....

ဒေါက်​ ​ဒေါက်​...

"အကို! ဆယ်​ဟွန်းကိုလာကြိုတာလား?"

ကားမှန်​ကိုလာ​ခေါက်​တဲ့ ဆယ်​ဟွန်း
သူငယ်​ချင်းဟိုပါး​ဖောင်း​ဖောင်း​နဲ့ကောင်​​လေး..

"​အေး ဆယ်​ဟွန်းက​ရော?"

"အ​နောက်​မှာ လာလိမ့်​မယ်​အကို
မင်​​ဆော့ကဝင်​စရာရှိလို့အရင်​ထွက်​လာတာ"

"​အော်​ ~"

"အဲ့ဆို မင်​​ဆော့သွားပြီ​နော်​"

"​ခ ခဏ​နေအုံး!"

ချန်း​ယောလ်​အိတ်​ထဲက ပိုက်​ဆံ
အနည်းငယ်​ထုတ်​ကာ မင်​​ဆော့ကို​ပေးလိုက်​ပြီး

"မုန့်​ဖိုး​ပေးတာ ~"

"အာ~ ​ကျေးဇူးတင်​ပါတယ်​"

မင်​​ဆော့ကသူ့ကိုအရို​သေ​ပေးကာ
ထွက်​သွားပြီးမကြာ ဆယ်​ဟွန်း​ရောက်​လာ​လေသည်​....

Infatuated LOVE [Completed]Where stories live. Discover now