part-21

2K 237 6
                                    

(zawgyi)

လအနည်းငယ်ကြာတော့ ဆယ်ဟွန်း
ခြေထောက်တွေသက်သာလာခဲ့ပြီ

အကိုကြီးရဲ့အခြေနေကလည်း အရမ်း
ကောင်းမွန်နေခဲ့တယ်...

ဒေါက်တာနဲ့ပြဖို့ တိုင်ပင်ထားတဲ့
အကိုရှင်းနဲ့ကျတော်တောင် လက်လျော့
ခဲ့ရသည်ထိပဲ...

တော်ကြာ သူ့ကိုဒေါက်တာနဲ့ပြမှ
ပြန်စိတ်ဖောက်သွားမှာလည်း စိုးရိမ်ရလို့လေ

"ဆယ်ဟွန်း ဖြေးဖြေးခြင်းလျှောက်
ငါ့ကိုကိုင်ထား "

"အေးပါ "

ပုတက်တက်မင်ဆော့က ဆယ်ဟွန်းကို
မနိုင်မနင်းထိန်းကိုင်ကာနေ့လယ်ခင်း
လမ်းလျှောက်စေသည်

ဆရာဝန်စကားအရ နေ့လယ်တစ်ခါ
ညနေတစ်ခါလမ်းလျှောက်ပေးပါဆိုလို့

နေ့လယ်ဆိုရင်တော့ မင်ဆော့တို့ရှိတာမို့
သူတို့နဲ့ပဲလျှောက်ဖြစ်တယ်

ညနေကျရင်တော့ အကိုကြီးနဲ့
သိပ်မလျှောက်နိုင်သေးပေမဲ့ အတော်တော့
အခြေနေတိုးတက်လာပြီ...

"ရပြီ မင်ဆော့ ငါမောလို့
ခဏနားအုံးမယ် "

"အေး အေး ရီဖန်! လာပါအုံးကွာ
တကယ်ပဲ နေလည်းနေတတ်တယ်"

ရီဖန်က ခပ်လှမ်းလှမ်းကနေ
အနားရောက်လာပြီး

"ဘာလဲ မင်ဆော့"

"ဒီမယ် ဆယ်ဟွန်းထိုင်မလို့
ကူပေးအုံးလေ "

ရီဖန်ကအလိုမကျဟန်နဲ့ သက်ပြင်းချကာ
ဆယ်ဟွန်းကိုပွေ့ချီလိုက်၏...

ပြီးတော့ ထိုင်ခုံပေါ်သေချာ ချပေးတယ်

"ဘာတွေအလိုမကျနေတာလဲ ရီဖန်
ဆယ်ဟွန်းကိုမကူပေးချင်ဘူးလား"

"ဟာ ကင်မင်ဆော့ မသိပဲ လျှောက်မပြောနဲ့
သူ့ယောင်္ကျားက ငါနဲ့ဆို မကြိုက်တာမင်း
သိရဲ့နဲ့"

"အခု အကိုချန်းယောလ်မှ မရှိတာ"

"ရောက်မလာနိုင်ဘူးလို့ ပြောနိုင်လား"

"တော်ပါတော့ မင်ဆော့ ရီဖန်ပြောတာလည်း
ဟုတ်တယ် အခုလိုခေါ်ထားတယ်ဆိုတာ
တောင် မလွဲသာလို့ "

Infatuated LOVE [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ