part-27

1K 159 11
                                    

(zawgyi)


ရီဖန်ကို ကယ်ခဲ့ပြီ သိပ်လည်းမထိခိုက်ဘူး
ချန်းယောလ် အခု ဟွန်းနီးဆီ လာနေလောက်ပြီ....

အကိုရှင်းရဲ့ မက်ဆေ့ကို ရရခြင်း
ဆယ်ဟွန်း အသက်ကိုခပ်ဝဝရှုလိုက်မိ၏

ရီဖန်ကို ကယ်ပြီးပြီဆိုတာနဲ့တင်
ဆယ်ဟွန်း အသက်ရှုချောင်သွားရပြီရယ်

မဟုတ်ရင် သူ့ကြောင့် တခြားလူကို
ဒုက္ခမရောက်စေချင်ပါ

နောက်ရက်မှ ရီဖန်အမေကိုသေသေချာချာ
သွားတောင်းပန်လိုက်မယ်

အိမ်ရှိအလုပ်သမားအကုန်ကိုပြန်ခိုင်းကာ
အကိုကြီးအလာကိုရင်တုန်တုန်နှင့်ထိုင်စောင့်နေမိသည်...

ရီဖန်လွှတ်သွားတာ ဆယ်ဟွန်းကြောင့်ဆိုတာ
ခြေရာခံစက်ကြောင့် အကိုကြီးသေချာပေါက်သိမှာ

အဲ့တော့ ဆယ်ဟွန်းကို တစ်ခုခုလုပ်လိမ့်မယ်
ဆယ်ဟွန်းခံနိုင်ပါတယ် တစ်ခုပဲ အကိုကြီးကျန်းမာရေးအကြောင်းရေရေရာရာမသိပဲ အကိုကြီး
ကိုသူများတွေရက်စက်တဲ့သူလိုထင်သွား
မှာကြောက်မိတာ...

အဲ့ဒါကြောင့် အိမ်မှာ ဘယ်သူ့ရှိမနေစေပါ

နာရီသံ တချက်ချက်က ဒီနေ့မှ
ထိတ်လန့်ဖွယ်ရာ...

နာရီအတော်ကြာပြီးမှ ခြံထဲဝင်လာတဲ့
ကားသံသဲ့သဲ့ကြားလိုက်ရသည်

အရှိန်နှင့်မောင်းလာပုံရပါတယ် ခြံဝအဝေးကြီးကနေ ဒီထိအသံကြားပုံထောက်

စိတ်ကိုအဆင်သင့်ပြင်ကာ ထိုင်နေရာမှ
ထရပ်လိုက်မိသည်

ဝုန်းခနဲ တံခါးဖွင့်သံကြောင့် တစ်ချက်
တော့တုန်သွားမိတယ်

"အကိုကြီး...

အနားကို ခပ်မြန်မြန်ရောက်ချလာကာ

"ဖြောင်း!"

ပါးတစ်ဖက်ပူထူသွားမူနဲ့အတူ
လူပါကြမ်းပြင်ပေါ်ပုံရက်လေး

"မင်းက ငါ့လုပ်ရပ်တွေဖျက်ဆီး
ပစ်တယ်!"

"တောင်းပန်ပါတယ် ဒီတိုင်း
အပြစ်မရှိတဲ့သူ တစ်ယောက်ကို.....

"စောက်ပါးစပ်ကို ပိတ်ထား!!"

ချန်းယောလ် အော်သံက တစ်အိမ်လုံး
ဟိန်းထွက်သွားသည်..

Infatuated LOVE [Completed]Where stories live. Discover now