part-12

2.5K 343 15
                                    

"မစားဘူးလား ရီရှင်း!"

"အင်း ငိုပဲငို​နေတယ်​~ ​ကျောင်းမထွက်​နိုင်
ဘူးလို့လည်း​ပြော​နေတယ်​"

ချန်း​ယောလ်​ သက်​ပြင်းတစ်​ချက်​ချကာ
ရီရှင်းလက်​ထဲကထမင်းဗန်းကိုယူပြီး
အ​ပေါ်ထပ်​တက်​ခဲ့သည်​...

"ဆယ်​ဟွန်း~"

ချန်း​ယောလ်​လာတာလဲမြင်​​ရော
အိပ်​ယာ​ပေါ်ထိုင်​​နေတဲ့ဆယ်​ဟွန်းက
ဟိုဘက်​လှည့်​သွား၏....

"ထမင်းစားရမယ်​"

"................."

"ကြားလား!!"

ချန်း​ယောလ်​​အော်​လိုက်​မှ ငို​နေတဲ့
မျက်​နှာနဲ့ဒီဘက်​လှည့်​လာသည်​...

ခုနရိုက်​ထားတဲ့အရှိန်​နဲ့ပါး​လေးက
နီကာအနည်းငယ်​​ယောင်​​နေ၏....

"​ကျောင်းထုတ်​ရ​တဲ့ထိ  ဟွန်းမှာအဲ့​လောက်​​တောင်​ အပြစ်​ရှိသွားသလားအကိုကြီး ?"

"ကိုယ့်​အ​ကြောင်းကိုယ်​သိမှာ​ပေါ့
ငါမကြိုက်​ပါဘူးလို့ မင်းကိုကြိုသတိ​ပေးထားတယ်​မလား??"

"ဟွန်း အ​လေလိုက်​သွားတာမဟုတ်​ပါဘူး
မိဘမဲ့​ကျောင်းကိုသွားကူတာပါလို့အကိုကြီးကို
ရှင်းပြတယ်​​လေ"

"မင်းကို ငါကသွားကူခိုင်းလို့လား
ငါမသိ​အောင်​အဲ့လို​တွေဘယ်​နှကြိမ်​လုပ်​ပြီးပြီလဲ ဟမ်​!!!!"

"ဟွန်းဒီ​နေ့တစ်​ရက်​ပဲ လိုက်​သွားတာ
ရီဖန်​ကအ​ဖော်​မရှိဘူးဆိုလို့"

"မင်းကြပ်​ကြပ်​သတိထား​နေ ဆယ်​ဟွန်း!"

"အကိုကြီး ဟွန်း​တောင်းပန်​ပါတယ်
နောက်​မသွားနဲ့ဆိုမသွားပါဘူး ဒါမဲ့
ဟွန်းကို​ကျောင်း​တော့မထုတ်​ပါနဲ့"

"မရ​တော့ဘူး ဆယ်​ဟွန်း ငါမှာမင်းကို
စိတ်​မချရတာများ​နေပြီ အဲ့​တော့အိမ်​မှာပဲ
နေ​တော့ "

"ဟွန်းမှာဖြစ်​ချင်​တဲ့ရည်​မှန်းချက်​​တွေ
ရှိ​သေးတယ်​အကိုကြီးရဲ့!"

"ငါရှိ​နေတာမို့ ဘာရည်​မှန်းချက်​မှ
ထားစရာမလိုဘူး"

"အကိုကြီးအရမ်းရက်​စက်​တယ်​!!!!"

Infatuated LOVE [Completed]Unde poveștirile trăiesc. Descoperă acum