part-10

2.6K 311 11
                                    

"ဆယ်​ဟွန်း အိုဆယ်​ဟွန်း!!!"

လူက​ကျောင်းအခန်းထဲမ​ရောက်​​သေးဘူး
အသံကအရင်​ကြား​နေရတဲ့မင်​​ဆော့...

"ဆယ်​ဟွန်း ဆယ်​ဟွန်း!!"

ပြေးလာပုံရပါတယ်​ ​ချွေး​တွေပင်​ရွဲနစ်​လို့

"ရ! ဘာလို့အဲ့​လောက်​​ပြေးလာတာလဲ?"

"အဲ့ဒါအ​ရေးမကြီးဘူး မင်း မင်းစ​နေ​နေ့က
မင်္ဂလာပွဲလုပ်​တယ်​ဆို"

အခုမှသိလာပုံရပါတယ်​ ​အေး​လေ
သူက​ကျောင်းပိတ်​ရက်​ သူ့အ​ဒေါ်​တွေဆီသွားလည်​​နေ​တော့မသိလိုက်​တာ...

"မင်းကဘယ်​လိုသိလဲ?"

"​ကျောင်းဝန်းထဲဝင်​ဝင်​ခြင်း လူတိုင်း​ပြော
နေကြတာကိုကွ! ဟုတ်​လား​ပြော"

"အင်း ဟုတ်​တယ်​"

"ဘာ!! ရားး သူငယ်​ချင်းအရင်း​ခေါက်​​ခေါက်​ဖြစ်​တဲ့ငါ​တောင်​မသိလိုက်​ရပါလား!!"

အော်​~ သတို့သားဖြစ်​တဲ့ငါ​တောင်
မင်္ဂလာပွဲထဲ​ရောက်​မှသိရတာပါကွာလို့​ပြောရင်​မင်းအ​သေရီ​နေမှာငါသိတာ​ပေါ့....

"​ကဲပါ အဲ့ကိစ္စ​ပြောမ​နေနဲ့​တော့
မင်းကိုသပ်​သပ်​မုန့်​လိုက်​ဝယ်​​ကျွေးမယ်​​နော်​"

"ငါမ​ကျေနပ်​ဘူး တ​ကျောင်းလုံးနီးပါး​ရောက်​တဲ့မင်္ဂ​လာပွဲမှာငါမပါဘူး ပြီး​တော့သူငယ်​ချင်းအရင်း​ကြီး !"

"မ​ကျေနပ်​လည်း ဇွတ်​အတင်းစီစဉ်​တဲ့
အကိုကြီးကိုသွား​ပြောလိုက်​ သွား!"

"ဇွတ်​အတင်း? အကိုချန်း​ယောလ်​ကလား?"

"အင်း ငါ​တောင်​မင်္ဂလာပွဲ​ရောက်​မှသိရတာ"

"တကယ်​!!!!!"

"ဟာ တိုးတိုး​ပြောစမ်းပါ ငါ့ပုံစံက
လိမ်​တဲ့ပုံ​ပေါ်​နေလို့လား??"

မင်​​ဆော့ကတစ်​ခုခုကိုစဉ်းစား​နေဟန်
ပြီးမှ.....

"ငါမင်းကို​ပြောရအုံးမယ်​ အဲ့ကိစ္စနဲများဆိုင်​​နေသလားလို့ မီ​ယောင်း​မွေး​နေ့တုန်းက​​လေ အကိုရီရှင်းငါ့ဆီလာတယ်​ကွ

Infatuated LOVE [Completed]Dove le storie prendono vita. Scoprilo ora