part-2

3.7K 420 35
                                    

ချန်း​ယောလ်​​ဒေါသနဲ့​ပြေးဆင်းလာခဲ့​ပေမဲ့
ဒီ​ရောက်​​တော့ ပိန်​ညှက်​ညှက်​ခန္ဓာကိုယ်​နဲ့က​လေးတစ်​​ယောက်​ဖြစ်​​နေတာကိုမြင်​လိုက်​ရတာမို့ ​ခြေလှမ်း​တွေ ​နှေးသွား​လေ၏......

ခုနအ​ပေါ်ကကြည့်​​တာ ​သေချာမမြင်​ရ​တော့
လူတစ်​​ယောက်​လို့ပဲသိတာ...

စိတ်​လည်းအနည်းငယ်​တည်​ငြိမ်​သွားတယ်
က​လေးဆိုတာကဘာမှသိတာမဟုတ်​ဘူး​လေ

ဒါမဲ့​နောက်​မလာရဲ​အောင်​​တော့ ​ပြောရမယ်
ချန်း​ယောလ်​ စာအုပ်​ကိုကြည့်​ကာဘာ​တွေလုပ်​​နေမှန်းမသိတဲ့ထိုက​လေးနားသွားကာ...

"မင်း! ဒီမှာဘာလုပ်​​နေတာလဲ?"

ချန်း​ယောလ်​အသံလည်းကြား​ရော
ထိုက​လေးက အလန့်​တကြားမတ်​တပ်​ထရပ်​​လေသည်​ သူ့လက်​ထဲကစာအုပ်​က​လေးကလည်းပြုတ်​ကျသွားတယ်​....

"​မေး​နေတယ်​​လေ!!!!"

ချန်း​ယောလ်​​အော်​သံအဆုံး သူ့ဖိနပ်​ကိုယူကာ
အပင်​​နွယ်​တွေနဲ့ကာထားတဲ့ခြံစည်းရိုးဘက်​ထွက်​​ပြေးသွား​လေ​တော့သည်​...

"​တောက်​!!!"

ချန်း​ယောလ်​ကိုလုပ်​သွားပုံက တခြားအရွယ်​​ရောက်​ပြီးသားလူတစ်​​ယောက်​သာဆို 
ချန်း​ယောလ်​​ဒေါသနဲ့​သေမှာပဲ...

"ဟူးးး"

အတတ်​နိုင်​ဆုံးစိတ်​​လျော့ကာ အိမ်​​ပေါ်ပြန်​တက်​မယ်​လုပ်​မှ မြက်​ခင်း​ပေါ်ကျ​နေတဲ့ စာအုပ်​​လေးကိုမြင်​သွားပြီး ​ကောက်​ယူကြည့်​လိုက်​တယ်​......

စာအုပ်​ထဲကပန်းချီ​လေး​တွေ​ရဲ့လက်​ရာ​​သေသပ်​​​နေမူကြောင့်​ ချန်း​ယောလ်​မျက်​ခုံး​လေးပင့်​တက်​သွားရ၏...

ချန်း​ယောလ်​ပန်းခြံကိုကြည့်​ကာဆွဲထားတဲ့ပုံ​တွေ
တခြားပုံ​တွေ​ရော ပြီး​တော့ဆွဲလက်​စလိပ်​ပြာပုံ
တစ်​ပိုင်းတစ.....

ဒါ​တွေအားလုံး ထိုပိန်​ညှက်​ညှက်​ခန္ဓာကိုယ်​နဲ့
က​လေးဆွဲထားတာ​တွေလား????

သူ့ဝင်​သွားတဲ့အပင်​​တွေဘက်​တစ်​ချက်​လှမ်းကြည့်​ကာ ချန်း​ယောလ်​ထိုစာအုပ်​ကိုယူပြီး
အိမ်​​ပေါ်တက်​ခဲ့​တော့သည်​....

Infatuated LOVE [Completed]Onde histórias criam vida. Descubra agora