part-6

3.2K 400 19
                                    

(၇) နှစ်​ခန့်​ကြာ​သော်​ ~

"ဆယ်​ဟွန်းဘယ်​သွားလဲ ရီရှင်း!"

"​ကျောင်းသွားရတယ်​လို့​ပြောတယ်​"

"ဒီ​​နေ့ ​ကျောင်းပိတ်​ရက်​​လေ ဘာသွား
လုပ်​တာလဲ!!"

"ငါ ငါလည်းမသိဘူး~"

"ရီရှင်း!! ဆယ်​ဟွန်းကို​သေချာ​စောင့်
ကြည့်​ဖို့ မင်းကိုငါမှာထားတယ်​မလား?"

"ငါ ငါလည်းမနက်​ကအလုပ်​ရှုပ်​​နေ​တော့
ဘယ်​ချိန်​ထွက်​သွားလိုက်​မှန်းမသိဘူး"

"​တော်​စမ်း! ဆင်​​ခြေ​တွေ မင်းက​လေ
မင်းအ​ဖေအိမ်​​တော်​ထိန်းကျန်းလို့အလုပ်​လုပ်
တာလုံးဝမ​စေ့စပ်​ဘူး !"

"ငါ​တောင်းပန်​ပါတယ်​ ချန်း​ယောလ်​"

"​တောင်းပန်​မ​နေနဲ့ သွား အခုစုံစမ်း
ဆယ်​ဟွန်း​ကျောင်းကိုဘာသွားလုပ်​သလဲဆိုတာ

"​အေး ​အေးပါ"

ရီရှင်းထွက်​သွား​တော့ ချန်း​ယောလ်​စားလက်​စမနက်​စာကိုလည်းဆက်​မစားဖြစ်​​တော့..

ရင်​ထဲမှာလည်း စိုးရိမ်​ပူပန်​​နေရသည်
မနက်​တိုင်းမြင်​​တွေ့​နေရတဲ့ဆယ်​ဟွန်းကို
မ​တွေ့ရ​တော့​လေ.....

"ဒီတိုင်းဆို မဖြစ်​ပါဘူး ဆယ်​ဟွန်း
နောက်​ကိုလူလွတ်​ရ​တော့မယ်​.."

ဟုတ်​တယ်​ ချန်း​ယောလ်​သူ့ကိုလုံးဝ
စိတ်​မချ​တော့ဘူး...

ဆယ်​ဟွန်းကအရွယ်​ရလာတာနဲ့အမျှ
ငယ်​ငယ်​ကနဲ့မတူ ရုပ်​ရည်​​လေးကအလွန်​ကြည့်​လို့​ကောင်းလာခဲ့သည်​....

အရင်​ကသူ့​ကျောင်းတက်​တာချန်း​ယောလ်​နဲ့တူ​ပေမဲ့အခုချန်း​ယောလ်​တက္ကသိုလ်​​ရောက်​သွားပြီ​လေ....

ကျောင်းကဟာ​တွေက ချန်း​ယောလ်​ကို
ကြောက်​ကြပါတယ်​ ဒါမဲ့

ချန်း​ယောလ်​အတူတူရှိ​နေတာ​​တောင်
သူ့ကိုချစ်​ခွင့်​ပန်​ချင်​သူ​တွေကဒူးနဲ့​ဒေး

အခုလိုအ​ခြေ​နေဆို ပိုလို့​တောင်​ဆိုးကြမလားမသိ ...

ဆယ်​ဟွန်းကဒီလိုကိစ္စ​တွေစိတ်​မဝင်​စားဘူးဆိုတာချန်း​ယောလ်​သိပါတယ်

Infatuated LOVE [Completed]Where stories live. Discover now