အတိတ်​ဆိုတာ ၁

9.1K 646 6
                                    

" ဟယ်​လို ကြီး​မေလား သားပါ အုပ်​စိုးရယ်​ "

" ​အေး​ပြောကွဲ့ "

" ​နေ​ကောင်းကြလားဗျ သားက ကြီး​မေတို့ကို လွမ်း​နေတာ "

လွမ်း ဟူ​သော​နေရာ​တွင်​ ဆွဲ၍​ပြောလိုက်​​တော့ ကြီး​မေကရယ်​သည်​။ စစတုန်းက အန်​တီ​ခေါ်လို့ အညာသူကြီးက မကြိုက်​ပါဟု ခါးခါးသီးသီး ငြင်းသည်​​လေ။

" ​အောင်​မ​လေး ကြီး​မေသားက လွမ်းတယ်​သာ​ပြောတယ်​ တစ်​ခါမှလည်း လာမလည်​ပါလားကွယ်​ ဒီတစ်​​ခေါက်​ အိမ်​ကသားနဲ့ အတူပြန်​လိုက်​ခဲ့ "

" ဟာ ကြီး​မေ သားအဲ့ကိစ္စ​ပြောမလို့ အံ့ဘုန်းက ဒီနှစ်​ မလာ​တော့ဘူး​ပြော​နေတယ်​ အဲ့ဒါ ကြီး​မေ ကူ​ပြော​ပေးဦး သားက ​နောက်​ဆုံးနှစ်​​ရောက်​​နေပြီဟာ အဲ့ဒါ ​ကျောင်းဆင်းရင်​ ​တွေ့ရဖို့ကမလွယ်​​တော့လို့ ကြီး​မေလည်းသိသားနဲ့ဗျာ "

ငိုသံပါပါနဲ့​ပြော​တော့ သ​ဘောဖြူ အညာသူကြီးဟာ သားဖြစ်​သူကို ​အော်​​ခေါ်ပါ​တော့တယ်​။

" ဘုန်း​မောင်​ လာစမ်း လာစမ်း "

" အမ ဘာလို့တုန်းဗျ "

" မင့်​ ရန်​ကုန်​မသွားဘူးလို့​ပြောတယ်​ဆို "

" ဟာ တိုင်​​ကောင်​က လုပ်​ချလိုက်​ပြန်​ပြီ မသွားဘူး​မ​ပြောပါဘူး အမရာ..... ရန်​ကုန်​မှာမဆုံဘူး ဆိုတာက သူ့ကို မ​ကွေးလာခဲ့​ခေါ်မလို့ "

" ဟမ်​... သားငယ်​​ရေ အိမ်​က​လူက မင့်​ကို မ​ကွေး​ခေါ်မလို့ ရန်​ကုန်​မလာဘူး​ပြောတာတဲ့ "

" ဟာ တကယ်​လား တကယ်​လား ဒါဆို သားဒီညကားနဲ့ လာခဲ့မယ်​ "

" ဟိတ်​​ကောင်​ လက်​လွယ်​စပယ်​လုပ်​ပြန်​ပြီ "

တီ တီ ဆို​သော အသံဟာ ​နောက်​ကိုလှည့်​မကြည့်​​တော့​သော အ​မောင်​တိုင်​​ကောင်​၏ အမြဲဖြစ်​စဉ်​။

" အမရာ... ကျုပ်​က လကုန်​မှ ​ခေါ်မလို့ဟာ ခု​တော့ ဖြစ်​ကတတ်​ဆန်း​ပေါက်​ချလာ​တော့မယ်​ဗျာ "

" ခိုညည်းသလိုညည်းမ​နေနဲ့ မိုးလင်းအာရုဏ်​ ကားဆိုက်​မယ်​ထင်​တယ်​ ဒီည guide အိမ်​က ​စော​စောပြန်​ခဲ့ "

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now