အတိတ်​ဆိုတာ ၎

5.7K 554 5
                                    

တရိပ်​ရိပ်​နဲ့ ဖြတ်​သန်းလာခဲ့သမျှ လမ်း​ဘေး​တွေဟာ ​ခြောက်​​သွေ့လွန်းလှသည်​။ ကားနှင့်​အတူတူသွားချင်​​ပေမဲ့ ကားက ဒီဘက်​ထိမ​ရောက်​ပဲ သက်​သက်​ငှားရမည်​ ဖြစ်​သည်​။ ကြီး​မေကလည်း ဆိုင်​ကယ်​နဲ့သွားဖို့​ပြော၍ သူတို့၂​ယောက်​ထဲ မိုးလင်းအာရုဏ်​ထဲက စထွက်​လာခဲ့ခြင်း။

ဆိုင်​ကယ်​​မောင်း ကျွမ်းသားပဲ။ ​ခေါင်း​တွေပူလာလို့ ဆိုင်​ကယ်​ဦးထုပ်​ကို ချွတ်​ကာ ​ရှေ့မှာ လှမ်းချိတ်​ခိုင်းချင်​​ပေမဲ့ သူဆိုင်​​ကယ်​​မောင်းတာ အ​နှောင့်​အယှက်​ဖြစ်​သွားမည်​စိုး၍ ​နောက်​မှာပဲ လက်​ကိုင်​တန်းမှာ ကြိုးသိုင်းရင်း လူက​ရှေ့တိုးထိုင်​လိုက်​သည်​။

ခရီးက နည်းနည်း အလှမ်း​ဝေးတာမို့ ဂျာကင်​ထူထူဝတ်​ထားတဲ့ သူ့ကိုယ်​ကို ကျွန်​​တော်​ သိုင်းဖက်​လိုက်​သည်​။

အိုးးး အခုမှ ​နေသားကျသွားလိုက်​တာ၊ ​ညောင်းလည်းမ​ညောင်း​တော့ဘူး။

ဒီတစ်​ခါ​တော့ ​လေးတယ်​လို့ မထွက်​လာ​တော့ ​ကျေးဇူး​လေး ကြိတ်​တင်​မိသည်​။

ဟိုတစ်​ခါ ​ဆေးရုံ​ရောက်​ပြီးကတည်းက သူကျွန်​​တော့ကို အပြစ်​သိပ်​မ​ပြော​တော့။ သူ့အပြစ်​ဟုမှတ်​ယူပြီး ကျွန်​​တော့ကို ဂရုစိုက်​လာသည်​။ ဒီ​နေ့ ဒီကိုလာဖို့က ကျွန်​​တော်​ မ​ကွေးလာရင်းထဲမှာ မပါပါ။

သို့​သော်​ ​နေ့တစ်​ဝက်​​လောက်​ ဆိုင်​ကယ်​စီးရ​သောဒီခရီးကို သူကိုယ်​တိုင်​လိုက်​ပို့လာ​တော့ ကျွန်​​တော်​ ကြည်​နူးရသည်​။

နောက်​တစ်​ပတ်​ဆို ​ကျောင်းပြန်​ဝင်​ရ​တော့မည်​ ဖြစ်​၍ ကျွန်​​တော်​ ဒီမှာ ​နေနိုင်​မည့်​ရက်​ သိပ်​မကျန်​​တော့။

ကြားထဲ ​ဆေးရုံက တက်​လိုက်​ရ​တော့ အချိန်​က ကျန့်​ကြာသွားသည်​။ လာတဲ့ ၂ပတ်​တာဟာ ဖင်​လှည့်​​ခေါင်းလှည့်​နဲ့ ကုန်​သွား​လေ​တော့မည်​။

ဒီက ပြန်​ရင်​ သူ​ပြောတဲ့ မင်းဘူးမြို့က အဲ့ဖွယ်​​နေရာ​တွေ သွားဦးမည်​ဟု ​တေးထားမိသည်​။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now