Present Time 24

4.5K 409 23
                                    

ဆေးရုံကို​ခေါ်လာသည်​အထိ လူက မလှုပ်​မယှက်​မို့ အသက်​မရှူ​တော့မှာစိုးရိမ်​ပြီး ခဏခဏ လည်​ပင်း​လေးကို ​သွေးတိုးစမ်းရသည်​။ လက်​ကို ​သွေးလာတိုးတဲ့ ခုန်​နှုန်း​လေးလာထိမှ အသက်​ကိုဝဝရှူနိုင်​သည်​။

ဘာဖြစ်​သွားရတာလဲ။ ဒီအ​တောအတွင်း သိသိသာသာပိန်​လာတာကလွဲရင်​ ​နေမ​ကောင်းတာ​တွေဘာ​တွေလည်း မဖြစ်​ပါဘူး။ ဖျားတာနာတာလည်းမရှိ။ ယုတ်​စွအဆုံး ​ခေါင်းမူး​ခေါင်းကိုက်​ နာ​စေး​ချောင်းဆိုတာ​လေးပင်​ မဖြစ်​။

မျက်​နှာလုံးလုံးကစ်​ကစ်​နဲ့ ပိုးဟပ်​ဖြူ​လေးလို ဖြူဆုတ်​​နေတာကို​တော့ သတိထားမိ​ပေမဲ့ အမြဲ အိမ်​ထဲ​အောင်း​နေရလို့ လို့ပဲ ထင်​​နေခဲ့တာပါ​လေ။

အခုလည်း အ​ရေး​ပေါ်ခန်းထဲ ဝင်​သွားတာထွက်​မလာ​သေး။ စိတ်​ပူ​နေ​တော့ ထိုင်​မရထမရ နှင့်​ လိပ်​​ခေါင်း​ရောဂါခံစား​နေရသူလိုလို ဆပ်​ပြာသည်​လင်​​ပျောက်​သူလိုလို။

တံခါးဖွင့်​သံကြားလို့ လှည့်​ကြည့်​​တော့ ဆရာဝန်​နှစ်​​ယောက်​ထွက်​လာသည်​။

သူ့ကိုများ​ခေါ်​လေမလား ကြည့်​​နေတုန်း ဆရာတို့က တစ်​ဖက်​ကိုထွက်​သွားကြသည်​။

နောက်​ထပ်​ ဆပ်​ပြာသည်​ လင်​​ပျောက်​ပြန်​ပြီ။ ​ခေါက်​တုန့်​​ခေါက်​ပြန်​​လျှောက်​​နေတာ အများသူငှာ​တွေလည်း မျက်​စိ​နောက်​​လောက်​ပြီ။

အာရုံလည်းမစိုက်​နိုင်​ပါ။ အားလည်းမနာနိုင်​ပါ။

သူ့မှာ.... သူ့မှာ ဒီတစ်​​ယောက်​ပဲရှိတာ​လေ ။

ဘာမှမဖြစ်​ပါ​စေနဲ့။ ဘာ​ရောဂါ​ထွေ​ထွေထူးထူးမှ မဖြစ်​ပါ​စေနဲ့။

မဖြစ်​​လောက်​ပါဘူး​နော်​။ သူက ဟိုကိုးရီးယားကား​တွေထဲကလို ​သွေးကင်​ဆာ​တွေဘာ​တွေ မဟုတ်​နိုင်​ပါဘူး​နော်​။

မဖြစ်​နိုင်​ပါဘူး​လေ။ သူက အဲ့လိုလူ​တွေလို ​သွေး​တွေဘာ​တွေ နှာ​ခေါင်းက​နေလျှံထွက်​တာမျိုးမှမရှိတာ။

ဘုရားစာရွတ်​ဖို့လည်းစိတ်​ကမ​ရောက်​။

ဘာမှမဖြစ်​ပါ​စေနဲ့ ဆို​သော စကားစု​လေးကိုသာ ဂါထာရွတ်​သလိုရွတ်​​နေမိသည်​။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now