အတိတ်​ဆိုတာ ၃

5.9K 600 3
                                    

ဧရာဝတီမြစ်​​ရေက ဒီ​ရေတက်​ချိန်​ဖြစ်​​နေ၍ ဘုရား​ခြေရင်းကို လာလာတိုက်​ခတ်​​နေပုံက မိခင်​တစ်​ဦးက သားငယ်​အား ပုခတ်​လွှဲကာ​ချော့သိပ်​​နေသလို ဖြည်းညှင်းစွာ။

ဧရာဝတီ( မ​ကွေး ) တံတားကြီးဟာ ညမီး​ရောင်​​တွေနဲ့ တန်​ဆာ​ဆင်​ထားလို့ ​တလှုပ်​လှုပ်​​ရေပြင်​မှာ မီးအ​ရောင်​က ဟပ်​ထင်​​နေသည်​။

ဘုရားရင်​ပြင်​​ပေါ်​ရောက်​ကတည်းက ဘုရားလည်းဦးမချဖြစ်​​သေး။ ညဘက်​ဖြစ်​၍ ထင်​သည်​။ ဘုရားရင်​ပြင်​ထက်​တွင်​ ဘုရားဖူးသူ နည်းလှသည်​။

မနက်​စာလွတ်​သွားသည့်​အပြင်​ ​နေ့လည်​စာနဲ့ညစာကိုပါ ​ပေါင်းစားသလိုဖြစ်​သွား၍ လူက ဗိုက်​ဆာ​နေသလို။

ရေပြင်​ဆီမှလွဲ၍ မျက်​နှာလှည့်​မလာ​သေး​သော ထိုလူသားဟာ မ​ကွေးသားမှ ဟုတ်​ပါ​လေစ။

ဘုရားရယ်​ လူ​တွေရယ်​ ကျွန်​​တော်​ရယ်​ မှလွဲပြီး ​ရေပြင်​ကြီးဆီမှာသာ စိတ်​ကိုနှစ်​ထား​လေ​သော အညာသားကို အမြင်​ကတ်​လှပြီ။

" ငဘုန်း "

" ​ပြော "

" ငါ ဗိုက်​ဆာတယ်​ "

" ငါမဆာဘူး "

ခပ်​တည်​တည်​ပဲဗျာ။ လှည့်​​တောင်​မကြည့်​ဘူး။

" ဒါ​ပေမဲ့ ငါ ဗိုက်​ဆာတယ်​ တစ်​ခုခု သွားစားကြမယ်​​လေ "

" မင်း​ရောက်​ကတည်းက ဘုရား​တောင်​ ဦးမချရ​သေးဘူး "

" အခု ဦးချလိုက်​မယ်​​လေ ​နော်​ ​​ယောက်​ဖ ငဘုန်း "

" ငါ့နာမည်​ကို င တပ်​မ​ခေါ်ပါနဲ့လို့ မှာ​ထား​ပေါင်းလည်း များပြီ "

" ​အေးပါ မှာသွားလို့ပါ ​ယောက်​ဖရာ မ​ခေါ်​တော့ဘူး ခုဦးချလိုက်​မယ်​ ပြီးရင်​ တစ်​ခုခုသွားစားရ​အောင်​ "

တနင်္ဂ​နွေ​ထောင့်​မှာ ၂​ယောက်​ထိုင်​လိုက်​ရင်း ဘုရားဦးချလိုက်​သည်​။

' ​နောက်​တစ်​​ခေါက်လာမှ ​အ​သေအချာဦးချပါ​တော့မည်​ အရှင်​ဘုရား '

ဟု စိတ်​ထဲမှ ဝန်​ချ​တောင်းပန်​ကာ ဘုရား​ရှေ့ ပုဆိန်​​ပေါက်​ ဦးချမိသည်​။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now