Present Time 6

4.7K 489 8
                                    

တချွတ်​ချွတ်​အသံ​ကြောင့်​ လူက နိုးလာသည်​။ မျက်​လုံးဖွင့်​ကြည့်​​တော့ အလင်းမဝင်​​ရောက်​​သေးပဲ မီး​​ချောင်းသာထွန်းထား​သေးသည်​။

" အင်း . ဟင့်​ "

ကျွန်​​တော့်​အသံ​ကြောင့်​ မီးမလင်းတလင်းကြားထဲ ကုပ်​ကုပ်​ကုပ်​ကုပ်​နဲ့ လုပ်​​နေသူက လှည့်​ကြည့်​လာသည်​။

" နိုးသွားတာလား sorry ကွာ ဒီမှာ တစ်​ခုလို​နေလို့ ရှာ​နေမိ​တော့ အသံထွက်​သွားတယ်​ထင်​တယ်​ "

" ... "

" ပြန်​အိပ်​ချင်​အိပ်​​လေ "

" ဘာရှာ​နေတာလဲ "

" ဟမ်​ "

" ဘာရှာ​နေတာလဲ လို့ ငါကူရှာ​ပေးမလို့ "

" ​သြော်​ ဟို .... "

" ဘာ ဟိုတုန်း "

" အတွင်းခံကွ ငါ့ဘာ​နေရှာမယ်​ မင်းပြန်​အိပ်​​တော့ "

ဒါ​လေး​ပြောတာကို ရှက်​​နေရလား။ အရူး​ကောင်​။

" ​အေး ပြီး​ရော မရှာ​ပေး​တော့ဘူး "

ကျွန်​​တော်​ ဝင်​ရှာ​ပေးပြန်​ရင်​​ရော သူအဆင်​​ပြေပါ့မလား။ မ​သေချာ​သောအလုပ်​ကို​တော့ မလုပ်​ချင်​ပါ။

" အာဟ​   ​တွေ့ပြီ "

" ဘယ်​နှစ်​ရက်​ကြာမှာလဲ "

" အလွန်​ဆုံး တစ်​ပတ်​ပါပဲ "

" တစ်​ပတ်​ကြီး​တောင်​ "

" တစ်​ပတ်​ဆိုတာက သူတို့သတင်းရလို့ လမ်း​ကြောင်း​ပြောင်းသွားရင်​ ​ပြောတာ"

" အသက်​အန္တရာယ်​​တော့ မရှိဘူးမလား "

" မရှိပါဘူး ​မြွေပါးကင်းပါးလည်း စိတ်​ပူစရာမလိုဘူးရယ်​ ငါတို့​တွေက ​တောကျွမ်း​နေပြီ "

" အမြန်​ဆုံးဆိုရင်​​ရော ဘယ်​နှစ်​ရက်​လဲ "

" ၂ရက်​ပါပဲ ပစ္စည်းများရင်​ ၃ရက်​​ပေါ့ "

" မြန်​မြန်​​လေး အဆင်​​ပြေပါ​စေကွာ "

" ​ယောက်​ဖ ငါ့ကို စိတ်​ပူ​နေတာလား "

" ​အေး​လေ "

" တကယ်​လား "

အ​ရောင်​​တောက်​သွားတဲ့ မျက်​လုံး​တွေကို နည်းနည်း​တော့ အနိုင်​ကျင့်​ချင်​သည်​။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now