Present Time 17

4.7K 443 14
                                    

အရာရာဟာ အိပ်​မက်​တစ်​ခုလိုပါ။ ​ဆောင်းအိပ်​မက်​​တွေလို ​ချောက်​​ချောက်​ခြားခြား ​နေခဲ့ရပြီးမှ ....ေ​နွလယ်​ည​တွေကို ထီးထီးကြီး ဖြတ်​သန်းခဲ့ရပြီးမှ.... ကိုယ်​ပိုင်​အို​အေစစ်​​လေးတစ်​ခုကို ရုတ်​ချည်းပိုင်​ဆိုင်​လိုက်​ရသလို။

ပျော်​သည်​။ ​ပျော်​သည်​ထက်​ပိုသည်​။ ဒါကို ဘယ်​လိုစကားမျိုးသုံးရမလဲ ကျွန်​​တော်​မသိပါ။ မိုးကို​မျှော်​​နေတဲ့လယ်​သမား​တွေ မိုးရွာသွန်​ချလိုက်​လို့ ​ပျော်​ရတဲ့အ​ပျော်​မျိုး။

...............

" မင်း Bathtube ထဲ စိမ်​လိုက်​​လေ "

" မင်းက​ရော "

" ငါက ဒီဘက်​မှာ shower နဲ့ချိုးလိုက်​မယ်​ "

" ငါတစ်​​ယောက်​တည်း​ရေစိမ်​ရမှာ ပျင်းစရာကြီး "

" ပျင်းစရာကြီး လုပ်​မ​နေနဲ့ မြန်​မြန်​ချိုး ငါဗိုက်​ဆာ​နေပြီရယ်​ "

" ငါ့ကိုအရင်​စားလိုက်​​လေ "

" ​သေပါ့လား "

မ​ပေးနိုင်​ မ​ကျွေးနိုင်ပဲ လာမြူဆွယ်​မ​နေနဲ့။ ဒီက​ကောင်​က ဥပုသ်​ကျိုးမှာ ​ကြောက်​တဲ့​ကောင်​မဟုတ်​ဘူး။ ( ဥပုသ်​​စောင့်​တဲ့ ကျားလို )

" ဟဟဟ မြန်​မြန်​ချိုးရင်​ပြီး​ရောမလား "

" ​အေးဟ မြန်​မြန်​ချိုးပါဟ ငါ​တောင်​ဆပ်​ပြာတိုက်​ပြီးပြီ "

" ငါ့ကို ဆပ်​ပြာမတိုက်​​ပေးချင်​ဘူးလား "

သေစမ်းဟ။ ဒီတစ်​​ယောက်​ ဘယ်​လို​တွေ​တောင်​ သူ့စိတ်​လာစမ်း​နေရတာလဲ။

" လာပြီဟာ "

ရေစိုပုဆိုးက ​ခြေအလှမ်းသတိထား​နေရသည်​။ အာဟမ်း တုတ်​ပြီး ​ခြေ​ခေါက်​လဲမှာစိုးလို့ပါဗျာ။ တခြားမ​တွေးကြနဲ့။

သူစိမ်​​နေရာ ကန်​နား ထိုင်​ချကာ ဆပ်​ပြာတိုက်​ပိုက်​က​လေးနဲ့ အသာတိုးတိုက်​​တော့ ....

" မင်းကြည့်​ရတာအားမရှိသလိုပဲ "

ဒီခန္ဓာကိုယ်​ကိုများ အားမရှိဘူး​ပြောရဲတယ်​။ ဘယ်​အားကိုးနဲ့လဲ ​ပြောစမ်းပါ။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now