Present Time 8

4.6K 484 31
                                    

" အုပ်​ကြီး​ရေ ဖုန်းလာတယ်​ဗျို့ "

" ဦးစီးလား "

" ဟုတ်​တယ်​ဗျ "

ပျိုးခင်းထဲက အလျင်​အမြန်​​ပြေးထွက်​ကာ ဖုန်းရုံဆီ ​ပြေး​တော့ ဖုန်းရုံထဲ အခန့်​သားထိုင်​​နေ​သော အညာသား။

စား​သောက်​​နေထိုင်​ပြီး လှုပ်​လှုပ်​ရှားရှားမလုပ်​​ရ​တော့ မွဲပြာအသားအရည်​က ညိုစိုစိုဖြစ်​လာပြီ။

ဒီ​လောက်​ဆို စိတ်​ချမ်းသာတယ်​ ။

" ဟုတ်​ကဲ့ ဦးစီး "

".... "

" ရတယ်​ဦးစီး ကျွန်​​တော်​ မန်း​လေးဆင်းလိုက်​မယ်​ "

" ... "

" ​လေးစားပါတယ်​ ဦးစီး "

" ..... "

" ဘာတဲ့တုန်း "

" သူ့တူမ လာမှာမို့ သွားကြိုခိုင်းတာ "

" က​လေးမ​လေးက ငယ်​လား "

" ရွယ်​တူပါပဲ ဟိုတစ်​ခါလာတုန်းက ငါပဲ သွားကြိုရတာမို့လို့ "

" ​ချောလား "

" စိတ်​ဝင်​စားလို့လား "

" ​မေးကြည့်​တာ ဘယ်​​တော့သွား​ခေါ်ရမှာလဲ "

" သန်​ဘက်​ခါလာမှာဆို​တော့ မင်းကိုလာကြိုသလို မနက်​ဖန်​ညဘက်​ဆင်းလိုက်​မယ်​ "

" ငါပါလိုက်​မယ်​ "

" ဘာလိုက်​လုပ်​မှာတုန်း ပင်​ပန်းတယ်​ "

" မင်းတစ်​​ယောက်​တည်း မိန်းက​လေးတစ်​​ယောက်​သွားကြိုမှာ လွှတ်​စရာလား "

" အရင်​ကလည်း သွား​နေကြ....... "

" အရင်​ကအရင်​ အခုကအခု ငါရှိ​နေတယ်​ ငါလိုက်​မယ်​ "

စူးစူးရဲရဲ ကြည့်​ကာ ကျွန်​​တော့်​ကို လိုက်​မယ်​သာ ​ပြော​နေ​သော သူ့အား လိုက်​မမီ​တော့ပါ။ ဘာတတ်​နိုင်​မှာတုန်း။ ဒီလူက ​မောင့်​သ​ဘော။

မဟုတ်​​သေးဘူး အံ့ဘုန်း​မောင်​ သ​ဘော လို့​ပြောတာ။
စိတ်​ထိန်းစမ်း။ မှား​​တွေးမိတာပါ။ ​ဗွေမယူပါနဲ့။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now