Present Time 16

4.7K 440 20
                                    

မထင်​မှတ်​ထားတဲ့​နေရာ မထင်​မှတ်​ထားတဲ့အချိန်​မှာ မထင်​မှတ်​ထားတဲ့သူကို ရုတ်​တရက်​​တွေ့လိုက်​ရ​တော့ အသက်​ရှူရပ်​မတတ်​ ​အေးခဲသွားသလို ခံစားဖူးပါသလား။

ကျွန်​​တော်​​တော့လက်​ရှိခံစားဖူးပါပြီ။

" ပြန်​လာပြီလား ပိုင်​ "

" မင်း "

" ဘာလဲ ငါလာတာ မကြိုဆိုဘူးလား "

" ..... "

" အ​နေ​ဝေးရင်​ ​သွေး​အေးတယ်​ဆိုတာ​တွေ ငါသိ​ပေမဲ့ ငါတို့ကြားမှာ သူငယ်​ချင်းသံ​ယောဇဉ်​​တော့ရှိဦးမှာပါလို့ ​တွေးပြီးလာခဲ့တာ ... အခုကျ​တော့ ... အင့်​ "

စကား​တွေများ​နေ​တဲ့ လူသား​လေးကို ​လျှောက်​မ​တွေး​အောင်​ ​ပြေးဖက်​လိုက်​မှ အသံတို့တိတ်​ကျသွားသည်​။

ရင်​ခွင်​ကွက်​တိဖြစ်​​နေတဲ့ ကိုယ်​လုံး​လေးကို သိမ်း​ပွေ့ဖက်​ထားမိကာ စိတ်​ထဲ မခံချိမခံသာ ခံစား​နေရတာ​တွေ ​ပျောက်​ကွယ်​မလား ရည်​စူးပြီး တင်းတင်း​လေးဖျစ်​ညစ်​မိသည်​။

" ဖြည်းဖြည်းလုပ်​ပါဟ ငါမ​ပျောက်​သွားပါဘူး "

" အိပ်​မက်​ထင်​​နေတာ "

" ဟင်​ "

" မင်းကအမြဲ ငါ့အိပ်​မက်​ထဲမှာ ဒီလို​လေး​တွေ့​တွေ့​နေရတယ်​.. လန့်​နိုးလာတိုင်း မဟုတ်​ဘူးဆိုတာ​လေးက ဖြစ်​​နေကြမို့ ... အခုလည်း အိပ်​မက်​လို့ထင်​လို့ "

" ငါအစစ်​ပါ ပိုင်​ရာ "

" ဘယ်​လို ​ခေါ်လိုက်​တာလဲ "

" ပိုင်​ လို့​လေ မကြိုက်​ဘူးလား "

" မကြိုက်​တာ မင်းမဟုတ်​ဘူးလား မိန်းမဆန်​တယ်​ဆိုပြီး အမြဲ​တွေး​နေတာ​လေ "

" အခုမ​တွေး​တော့ဘူး ငါပိုင်​တဲ့အရာမို့ ပိုင်​လို့​ခေါ်မှာ "

" ဘယ်​လို ... "

" ဟုတ်​တယ်​ မင်းက ငါ့အပိုင်​လို့​တွေးဖို့အချိန်​​ရောက်​ပြီ "

နှစ်​​ယောက်​လုံးက ချစ်​​နေပါတယ်​လို့သိရုံနဲ့ ​ကျေနပ်​ခဲ့ရာက​နေ အခုလို​ပြောင်းလဲလိုက်​ကြဖို့ ​တွေးတာက နည်းနည်း​တော့ ကတိုက်​ကရိုက်​ဆန်​​နေသလိုပဲ။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now