Present Time 20

5K 409 23
                                    

ကားက​လေးက အမြန်​လမ်း​ပေါ် တရိပ်​ရိပ်​​ပြေး​နေသည်​။ ရပ်​နားစခန်းတစ်​ခု​တွေ့တာ​တောင်​မရပ်​ခဲ့​ပေ။

" ဗိုက်​မဆာဘူးလား "

" ငါအိပ်​ပဲအိပ်​ချင်​တယ်​ "

" မင်းတဖြည်းဖြည်းနဲ့ အရမ်း​တွေ ပျင်းလာတယ်​​နော်​ "

" မင်းအပူပါလား ငါ့ဘာငါ ပျင်းတာ "

" Wow ချစ်​ဖို့​ကောင်းလိုက်​​သောပါပဲ "

" သိရင်​ပြီးတာပဲ "

" ​အေးပါကွာ "

" ကျွတ်​ကျွတ်​ "

နောက်​ခန်းမှာ ဆိုဖာကြီးခင်းပြီး ​ခြေပစ်​လက်​ပစ်​အိပ်​​နေသူထံမှ အသံထွက်​လာ​တော့ ကားကိုအရှိန်​​လျှော့ကာ လှည့်​​မေးရပြန်​သည်​။

" မသက်​သာဘူးလား "

" ရတယ်​ "

" ငါ​ပြောပါတယ်​ ​ရေချိုးခန်းထဲ သတိထားပါဆို "

" ​​တော်​ပြီဟ "

" မ​တော်​နိုင်​ပါဘူး အဲ့က​ရေချိုခန်း​တွေက ငါဆို စိမ့်​တက်​​နေ​အောင်​ တစ်​မျိုးကြီးခံစား​နေရတာကို ... ​ရေညှိမရှိ ဘာမရှိနဲ့ အသားလွတ်​ ​ချော်​လဲရတယ်​လို့ ... ခု ခါးထိသွား​တော့ ​ပျော်​လား"

" ​အေး faသရဲက ငါတို့ကို မနာလိုလို့တဲ့ ​ကျေနပ်​လား "

သူ့နှုတ်​ထွက်​စကားမှန်​သမျှ ကိုယ်​ကသ​ဘောကျ​နေ​တော့လည်း တဟားဟား​အော်​ရယ်​ကာ ကားဆီအာရုံပို့ပြီး အရှိန်​ပြန်​မြှင့်​လိုက်​သည်​။

မြောင်းမြ​ဒေါ်ချို မုန့်​ဟင်းခါး ဆို​သော ဆိုင်းဘုတ်​ကြီး မြင်​​တော့ ဗိုက်​ကဆာလာသလို။ မနက်​အာရုံကတည်းက ရုံးကလှမ်း​ခေါ်၍ လည်​ပတ်​မည့်​အစီအစဉ်​များအား လက်​​လျှော့ကာ ပြန်​ထွက်​လာရ​ခြင်းဖြစ်​သည်​။

မန္တ​လေးထဲ ဝင်​​တော့မှာဖြစ်​​ပေမဲ့ တစ်​ခါတည်း ဝင်​စားလိုက်​ပါ​တော့မည်​​လေ။ သူလည်း ဆာ​နေ​ရော​ပေါ့။ ကားကို ​နောက်​ထပ်​ အရှိန်​တို့ထပ်​တင်​ကာ ​မောင်းလာခဲ့လိုက်​သည်​။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now