Part *1*

3.6K 61 3
                                    

*ချစ်သူ့အမုန်း*

ခြံဝန်းတစ်ခုရှေ့သို့ ကားလေးတစ်စီး ဆိုက်ရောက်လာလေသည်။ ကားတံခါးဖွင့်လာပြီး ဆင်းလာသော မိသားစုလေးတစ်စု။ ခပ်ချောချော အမျိုးသမီးတစ်ဦးနှင့် ခန့်ညားသောအမျိုးသားအပြင် သူတို့၏သားဖြစ်ပုံရသည့် ကောင်ချောလေးတစ်ဦး။ ထိုကောင်လေးသည် အသားဖြူဖြူအရပ်ရှည်ရှည်နှင့် လူချောလေးဖြစ်ပြီး အပြုံးလေးတစ်ပွင့် ပန်ဆင်ထားသည်။ အိမ်ပြောင်းလာခြင်းအပေါ် ပျော်နေပုံရသည်။

"သား Kim အဲဒါကြီး မမပါနဲ့သားရယ် သား လေးမှာပေါ့ ထားလိုက် အလုပ်သမားတွေ မလိမ့်မယ်"

"သားနိုင်ပါတယ် Mae ကလဲ"

"ကဲပါ ရှင်မရယ် သားကနိုင်တယ်လို့ ပြောနေပြီပဲ ထားလိုက်ပါ"

"ရှင်လဲ ရှင့်သားကို အလိုလိုက်လွန်းတယ် ကျွန်မက စေတနာနဲ့.."

"မင်းအခုလို လိုက်ချုပ်ချယ်နေရင် ကလေးက ဘာလုပ်တတ်တော့မှာလဲ ယောက်ျားလေးပဲကွာ"

"တော်ပြီ ရှင်တို့သားအဖကို ဘာမှမပြောတော့ဘူး"

Kim တို့သားအဖကို မျက်စောင်းထိုးပြီး အိမ်ထဲဝင်သွားသည့် အမေဖြစ်သူအားကြည့်ပြီး နှစ်ယောက်သားရယ်မိကြသည်။ ထိုစဉ် တစ်ဖက်ခြံထဲတွင် basket ball ကစားနေကြသော လူငယ်တစ်စုဆီသို့ Kim ရဲ့အကြည့်တို့ရောက်သွားသည်။
Kim ကြည့်ရာသို့ ဖခင်ဖြစ်သူ လိုက်ကြည့်ရာမှ လူငယ်တစ်စုကို တွေ့ရသည်။

"သား သူတို့နဲ့ဆော့ချင်လို့လား"

"နေပါစေ ခင်မှမခင်သေးပဲ ဒါပေမယ့် သူတို့ကြည့်ရတာ ပျော်စရာကြီး"

"နောက်တော့လဲ သားနဲ့ခင်လာမှာပေါ့"

"Khrap သားကျန်တဲ့ပစ္စည်းတွေ သယ်လိုက်ဦးမယ်"

"အေး သားနိုင်တဲ့ဟာပဲသယ် ပြီးရင် မင်းအမေကို သွားချော့ရဦးမယ်"

"Khrap"

Kim တို့သားအဖ ပစ္စည်းတွေသယ်နေတုန်း ဟိုဘက်အိမ်က ဘောလုံးက Kim ခြေထောက်နားသို့ ကျလာလေသည်။ သယ်လာတဲ့ ပစ္စည်းကို ခဏချပြီး ဘောလုံးကို ကောက်ယူပြီး ဟိုဘက်ခြံကို ကြည့်လိုက်တော့ အသားညိုညို အရပ်ရှည်ရှည်နဲ့ တစ်ယောက်လျှောက်လှမ်းလာသည်ကိုတွေ့ရသည်။

ချစ်သူ့အမုန်း(Completed)Where stories live. Discover now