Part *7*

790 31 2
                                    

*ချစ်သူ့အမုန်း*

"N ပြန်လာပြီလား"

"ဟမ် Khrap..P မနားသေးဘူးလား"

"အင်း ညစာအတူစားရအောင် စောင့်နေတာ Daddy လဲပြန်လာတော့မယ်"

"အော် ဟုတ် ကျွန်တော်ရေချိုးလိုက်ဦးမယ်"

"အင်းးး P ညစာပြင်ထားလိုက်မယ်"

"ဟို P ကျွန်တော့်ကို စိတ်ဆိုးနေတာမဟုတ်ဘူးလား"

"နည်းနည်းတော့ စိတ်ဆိုးတယ် ဒါပေမယ့် N က P ရဲ့ ညီပဲလေ ဒါတွေထားလိုက်ပါ ရေသွားချိုးတော့"

"Khrap"

အတွေးတစ်ချို့နဲ့ Cop ရေချိုးဖို့ အခန်းထဲဝင်လာသည်။ သူ့ P နည်းနည်း ထူးဆန်းနေသည်ဟု ထင်မိသည်။ ဒီနေ့ Rose ကလဲ သင်တန်းမတက်ဘူးဆိုတော့ ဧကန္တ။ Cop သူ့အခန်းကနေ အိမ်အောက်ထပ်ကို ပြေးဆင်းလာသည်။

"P..P"

"ဘာလဲ N"

"P ကို Rose ဘာပြောသေးလဲ"

"Rose ကဘာပြောလို့လဲ N နဲ့သင်တန်းတက်နေတာ မဟုတ်ဘူးလား"

"အာ ဘာမှမဟုတ်တော့ပါဘူး"

Cop လဲ Tae မသိလောက်ပါဘူးဆိုပြီး အိမ်ပေါ်ပြန်တက် ရေမိုးချိုးပြီး ညစာစားရန် ထမင်းစားခန်းဆီသို့ ဆင်းလာခဲ့သည်။

"သားငယ် လာ"

"Sawade Khrap Daddy..ဒီနေ့စောစောပြန်လာလို့ပါလား"

"သားကြီးက ပြောစရာရှိလို့တဲ့လေ"

"P သာမပြောရင် စောစောပြန်မလာဘူးပေါ့ Daddy မှာ သားနှစ်ယောက်ရှိသေးတယ်ဆိုတာလဲ သတိရဦး ပြီးတော့.."

"ဟိုးးး ဟိုးးး သားငယ် မင်းကအဖေလား ငါကအဖေလား"

"Daddy က အဖေလေ ဒါပေမယ့်.."

"ကဲပါဗျာ တော်ကြပါတော့ ညစာအရင်စားကြရအောင်"

Tae ပြောလိုက်တော့မှ သုံးယောက်သား ညစာကို အတူစားကြသည်။ ညစာဝိုင်းတွင်တော့ 'ရော့ Daddy ဒါစား..ဒါလေးကောင်းတယ်'  'သားငယ် ထည့်စား သားကြီး ဒီဟင်းကြိုက်တယ်မလား' စသော အသံများနှင့် ပြည့်နှက်နေလေသည်။ အခုကျတော့လဲ ခုနက ရန်ဖြစ်ထားတာ သူတို့မဟုတ်သည့်အလား။ Tae ကတော့ Cop နှင့် သူ့ Daddy ကို မနိုင်ဆိုသည့် သဘောဖြင့် ခေါင်းသာရမ်းနေမိသည်။ ညစာစားပြီး၍ သားအဖသုံးယောက် ဧည့်ခန်းတွင် ထိုင်ဖြစ်ကြသည်။

ချစ်သူ့အမုန်း(Completed)Where stories live. Discover now