Part *5*

777 30 2
                                    

*ချစ်သူ့အမုန်း*

တစ်နေ့တော့ ခင်မင်ရင်နှီးလာကြမှာပဲလို့ တွေးရင်း Kim စောင့်နေခဲ့တာ ကျောင်းနောက်ဆုံးနှစ်တောင် ရောက်လာခဲ့ပြီ။ Kim ကတော့ Cop ဆီက ခင်မင်မှုထက် Cop ဆီကအချစ်ကိုသာ လိုချင်လာခဲ့သည်။ သို့ပေမယ့် Cop ကတော့ Kim ကို ရှောင်နေဆဲပင်။ The hole Moon ဆိုတဲ့ ဂုဏ်ပုဒ်အောက် Kim ကိုကြိုက်သူ ဝိုင်းဝိုင်းလည်နေပေမယ့် Kim စိတ်မဝင်စား။ မုန်းပါသည်ဟု တွင်တွင်ပြောနေသော Cop ကိုသာ တန်းတန်းစွဲချစ်မိနေသည်။ သူ့ရင်ထဲက အချစ်တွေကို Cop သိအောင် Kim ပြောချင်ပေမယ့် Cop ကတော့ ရှောင်ထွက်နိုင်လွန်းသည်။ ဘယ်လိုပင်ကြိုးစား ကြိုးစား ကံတရားက Kim ကိုမျက်နှာသာ မပေးခဲ့။ Cop နှင့် ရင်းနှီးဖို့ ကြိုးစားတိုင်းလဲ Cop ၏ ငြင်းပယ်ခြင်း ခံနေရသည်။ Cop ကလဲ Kim ကိုရှောင်နေသောကြောင့် တစ်လတစ်ခါပင် မျက်နှာလေးမြင်ရဖို့ မလွယ်ကူတော့။

"ဟူးးးးး"

"သက်ပြင်းတွေပဲ ချနေတာ ကြာရင် ငါလဲလွင့်တော့မယ်"

"Ai Bas!! ငါဘာလုပ်ရမလဲ"

"မင်းက ဘာလုပ်ချင်လို့လဲ"

"ငါ သူ့ကို တစ်ကယ်ချစ်တာပါကွာ"

"ဘယ်သူ့ကိုလဲ?"

"Copter ကို"

"WTF? မင်းဘာပြောလိုက်တယ်"

"ငါ Ai Cop ကို တစ်ကယ်ချစ်နေတာပါဆိုကွာ"

"ဘယ်အချိန်တည်းကလဲ"

"First year တည်းက"

"OMG!! အဲဒါကို အခုမှပြောရလားကွ"

"သူနဲ့ရင်းနှီးအောင်လုပ်ပြီး သူ့ကိုအရင်ဖွင့်ပြောမလို့ကွ.. ဒါပေမယ့် မင်းလဲသိတာပဲ သူကငါ့ကိုမုန်းနေတာလေ"

"ဟင်းးး မင်းအဖြစ်ကလဲ မင်းကိုမုန်းပါတယ်ဆိုတဲ့ သူကိုမှ"

"အေးကွာ ငါလဲဘာဆက်လုပ်ရမှန်း မသိတော့ဘူး"

"ဒီကိစ္စ ဘယ်သူတွေသိသေးလဲ"

"ငါ့မိဘတွေ သိတယ်"

"What the hell? မင်းမိဘတွေက ဘာပြောလဲ"

"ငါ့မိဘတွေက ငါ့သဘောပါပဲ.. အကြံဉာဏ် တစ်ချို့လဲ ပေးတယ် ဒါပေမယ့်ကွ သူ့ကိုတောင်မတွေ့ရတာ ငါဘယ်လိုကြိုးစားရမလဲ"

ချစ်သူ့အမုန်း(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ