Part *9*

767 30 0
                                    

*ချစ်သူ့အမုန်း*

Cop နဲ့ Tae တစ်နေ့လုံးလျှောက်လည်ဖြစ်ကြသည်။ ညီအကိုနှစ်ယောက် အခုလိုမသွားရသည်မှာ အတော်ပင်ကြာခဲ့လေပြီ။ ရုပ်ရှင်ရုံကအပြန် Cop စိတ်ကြိုက် ကစားကွင်းဝင်ကြသည်။ ရိုလာကိုစတာ စီးပြီးဆင်းလာတော့ လူတစ်ယောက် အနားရောက်လာ၍ လှည့်ကြည့်လိုက်တော့ Kim။

"Sawade Khrap"

"ဟမ် မင်းဘယ်လို P!!"

Cop အနောက်လှည့်ကြည့်တော့ Tae ကိုမတွေ့ရတော့ပေ။ ထိုအချိန် Cop ရဲ့ဖုန်း Massage သံ မြည်လာသည်။ စာကို ဖွင့်ဖတ်ကြည့်တော့ 'မျက်နှာချင်းဆိုင်ပြီး သေချာဖြေရှင်းကြပါ N ကားကို P ယူသွားပြီ N Kim နဲ့အတူတူပြန်လာကြ'ဟူ၍။ Cop ဖုန်းကိုကိုင်ပြီး အနည်းငယ် ကြောင်အနေမိသည်။ Kim နှင့်စကားမပြောတာ အတော်ကြာနေသောကြောင့်ပင်။ ဒီဘဝမှာ စကားမပြောဖြစ်သည်က များနေသည်ကိုး။

"Copter Khrap!!"

"ဘာလဲ"

"Oii ဘာလို့စူပုတ်နေတာလဲ ကိုက အဲ့လောက်ကြောက်ဖို့ကောင်းနေလို့လား"

"မုန်းစရာကောင် မင်းဘာပြောချင်လို့ P ကို အကူအညီတောင်းတာလဲ"

"ချစ်တဲ့အကြောင်းလေ ကိုမင်းကို အရမ်းချစ်နေတဲ့အကြောင်း"

"ရူးနေလား တိုးတိုးပြောလဲ ကြားပါတယ် လူတွေဝိုင်းကြည့်ကုန်ပြီ"

"ကြည့်ပါစေပေါ့ မင်းကကို့အပိုင်ဆိုတာ လူတွေသိသွားတာပေါ့"

"ဘယ်သူက မင်းအပိုင်လဲ ဆုတောင်းလေ"

"ဆုတောင်းရင် ပြည့်မှာလား"

"အရူးးး"

Kim ကိုပြောဆိုပြီး ထွက်သွားတဲ့ Cop ရဲ့နောက်ကို ပြေးလိုက်လာသည်။

"ဘာလိုက်လုပ်တာလဲ"

"ကို့ချစ်သူနောက် ကိုလိုက်နေတာလေ"

"ဘယ်သူက မင်းချစ်သူလဲ"

"Copter ဆိုတဲ့ မင်းလေ"

"ဟေ့ကောင် မင်းး..မင်းး"

အခုတော့ Cop တစ်ယောက် Kim ရဲ့ရင်ခွင်ထဲ ရောက်နေလေရဲ့။ လူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေလို့ Cop ရုန်းနေပေမယ့် Kim ရဲ့အားက ပိုသန်နေသည်ကြောင့် ရုန်းထွက်မရပေ။

ချစ်သူ့အမုန်း(Completed)Where stories live. Discover now