Part *3*

945 29 1
                                    

*ချစ်သူ့အမုန်း*

Kim ကို ဘောပင်လာပေးသူမှာ တစ်ခြားသူမဟုတ် Kim ကို မုန်းပါသည်ဟု တွင်တွင်ပြောဆိုနေသူ Copter ပင်ဖြစ်သည်။ Kim ဘောပင်ကိုကိုင်ပြီး အံ့သြနေတုန်း အနားကို Bas ရောက်လာပြီး စကားပြောတော့မှ အသိပြန်ဝင်လာသည်။

"ဟေ့ကောင် Ai Kim..အတိတ်မေ့နေတာလား ဖောင်မြန်မြန်ဖြည့်လေကွာ"

"အော် အေး..မင်းဖြည့်ပြီးပြီလား ခုဏကဘာလို့လဲ"

"အာ ငါ့Mae မှတ်ပုံတင်နံပါတ်မသိလို့ လှမ်းမေးနေတာကွ ငါဖြည့်ပြီးပြီ မင်းပဲကျန်တော့တယ် မြန်မြန်လုပ်ပါကွ"

"အေးပါကွာ ကျောင်းကထွက်မပြေးပါဘူးကွ အေးဆေးပေါ့"

"အေးဆေးလုပ်မနေနဲ့ ငါ အိမ်ပြန်ပြီး Game ဆော့ရဦးမယ်"

"အလုပ်ကြီးအကိုင်ကြီးပါလားကွာ"

"ဟီးးး"

Kim တစ်ယောက် Bas ကိုကြည့်ပြီး ခေါင်းသာရမ်းမိသည်။ ထို့နောက် ဖောင်မြန်မြန်ဖြည့်ပြီး ကျောင်းအပ်ခြင်းအမှုကို ပြုကြသည်။ ကျောင်းအပ်ပြီးနောက် ဘောပင်ပြန်ပေးရန် Kim ထွက်လာတော့ Bas ကမေးတော့သည်။

"Ai Kim!! ဒါ Computer ဘက်ကြီးလေ ငါတို့ပြန်ရမယ့်လမ်း မဟုတ်ဘူးကွ"

"အင်း သိတယ် ဘောပင်သွားပြန်ပေးမလို့"

"မင်းငှားလိုက်လို့လား အဲဒါငါ့ကိုမပြောဘူး ငါငှားမှာပေါ့"

"မင်း Ph သွားပြောနေတဲ့အချိန်ကပါကွာ"

"ဘယ်သူငှားသွားတာလဲ မိန်းကလေးလား ယောက်ျားလေးလား ချောလား!"

"စကားအရမ်းများတာပဲကွာ ဟိုမှာကြည့် ငါ့ကိုဘောပင်ငှားသွားတာ သူပဲ"

Kim လက်ညှိုးညွှန်ပြသည့်နေရာကို Bas ကြည့်မိတော့ Cop နှင့် Roseကို တွေ့ရသည်။ ထိုအချိန်တွင် Cop နှင့် Rose ဘာကိုသဘောကျနေမှန်းမသိ ရယ်မောနေချိန်ဖြစ်သည်။ ရယ်လိုက်တိုင်း ပါးပြင်ပေါ်မှာ ချိုင့်ဝင်သွားသည့်အတွက် မြင်ရသူတိုင်း ငေးမောရလောက်အောင်ပင်။ ဘယ်သူတွေ ကြည့်နေလိမ့်မလဲ မသိပေမယ့် Kim ကတော့ လောကကြီးကိုပင် ခတ္တမေ့လျော့နေခဲ့သည်။

ချစ်သူ့အမုန်း(Completed)Where stories live. Discover now