Part *4*

823 32 4
                                    

*ချစ်သူ့အမုန်း*

"Ai Kim..Ai Kim!!"

"ဘာဖြစ်လာတာလဲ Ai Bas"

"မင်းက ငါတို့ major က Moon တဲ့"

"မင်းကို ဘယ်သူပြောလဲ"

"စီနီယာတွေပြောနေတာ ကြားခဲ့တာ ခဏနေရင် လာပြောကြလိမ့်မယ်"

"အင်း"

Bas ပြောသလိုပဲ ခဏနေတော့ စီနီယာတစ်ချို့ အခန်းထဲကိုလာပြီး Kim ကို Moon အဖြစ်ရွေးချယ်ကြောင်း ပြောကြသည်။ စာသင်ချိန်ပြီးရင် သူတို့ဆီလာခဲ့ဖို့ပါ မှာခဲ့လေသည်။ စာသင်ချိန်ပြီးတော့ Moon တွေဆုံမယ့်နေရာသို့ မနှစ်က စီနီယာ Moon က လိုက်ပို့ပေးသည်။ Kim ခန်းမထဲကို ရောက်သည်နှင့် ရောက်နှင့်နေသော Moon တစ်ချို့ကို ကြည့်မိလိုက်သည်။ ရုတ်တရက် Kim ရဲ့အကြည့်တွေက Moon တစ်ယောက်ဆီမှာ ရပ်တန့်သွားတော့သည်။ 'သူလဲ Moon ပဲလား'ဟု Kim စိတ်ထဲတွင် ရေရွတ်မိသည်။ ထိုသူကတော့ Moon ဖြစ်ရခြင်းကို စိတ်ဝင်စားပုံမရ။ ကျောင်းဝတ်စုံအဖြူကို ရင်ဘတ်ကြယ်သီး သုံးလုံးလောက်ဖြုတ်ထားပြီး လက်ခေါက်တင်ထားကာ ဆံပင်ကိုသပ်တင်ထားပုံက တစ်မျိုးကြည့်ကောင်းနေသည်။ ဖုန်းကိုသာကြည့်နေပြီး မျက်နှာကတော့ စိတ်ရှုပ်ခြင်းတွေနှင့် ပြည့်နှက်နေသည်။ Kim အနားရောက်လာသည်ကိုပင် သတိထားမိပုံမပေါ်။

"Ai Cop!!"

Kim ခေါ်သံကြောင့် Cop မော့ကြည့်လာသည်။ Kim ကိုမြင်သည်နှင့် တစ်ပြိုင်နက် Cop ရဲ့မျက်ခုံးများ အလိုလိုတွန့်ချိုးကုန်သည်။ Cop ရဲ့အကြည့်အောက်တွင် Kim ၏ စကားလုံးများ ပျောက်ရှကုန်သည်။

"မင်းလဲ Moon ပဲလား"

Cop အရင် စကားပြောလာတော့မှ သူအသက်ရှူနိုင်တော့သည်။

"အင်း မင်းရော"

"ဘယ်လိုဖြစ်လာမှန်း မသိပါဘူးကွာ စိတ်ရှုပ်စရာ"

"ဘာတွေလုပ်ရမလဲ မသိဘူး"

"အင်း"

"မင်း ငါ့ကိုမုန်းနေသေးလား"

"အင်း"

"ဟမ် ဒါပေမယ့်"

"Ai Kim!! ငါပြောမယ် သေချာနားထောင် ငါမင်းကို ဘာကြောင့်မုန်းနေလဲလို့ ငါမပြောတတ်ဘူး.. ငါလဲမင်းကို မမုန်းချင်ပါဘူး ဒါပေမယ့် ငါမတတ်နိုင်ဘူး.. မင်းကိုမြင်တာနဲ့ ငါရဲ့မုန်းနေတဲ့စိတ်က အလိုလိုဖြစ်လာတာ..sorry ကွာ
ငါနဲ့မပတ်သက်ချင်စမ်းနဲ့ မင်းပဲစိတ်မကောင်း ဖြစ်ရလိမ့်မယ်"

ချစ်သူ့အမုန်း(Completed)Where stories live. Discover now