Part *2*

1.4K 39 1
                                    

*ချစ်သူ့အမုန်း*

ကလင်..ကလင်

"သားရေ အိမ်ရှေ့မှာ ဘယ်သူတွေလာလဲ မသိဘူး တံခါးသွားဖွင့်ပေးလိုက်ပါဦး"

"Khrap"

အိမ်ရှေ့တွင် လူခေါ်ခေါင်းလောင်းသံကြား၍ Kim အပြေးသွားဖွင့်လေသည်။ တံခါးဖွင့်ပေးတော့ မြင်လိုက်ရသည်က Tae တို့အဖွဲ့။

"ဟာ P Tae တို့ပါလား.. Sawade Khrap..လာ.. အိမ်ထဲဝင်ကြ"

"Wade N"

"Wade"

"P တို့ကစားဖို့လာခေါ်တာလား ကျွန်တော်မအား..."

"မဟုတ်ပါဘူးကွာ N တို့မနက်ဖြန်အိမ်တက်အတွက် ပြင်ဆင်နေတယ်ကြားလို့ ဝိုင်းကူရအောင် လာခဲ့တာ"

"ရပါတယ် P တို့ရာ အားနာ.."

"ငါတို့ကို ဒီတစ်သက် အိမ်ထဲပေးဝင်ပါ့မလားကွာ"

"အာ တောင်းပန်ပါတယ် ကျွန်တော်လဲ စကားကောင်းနေတာနဲ့ ဝင်ပါဗျ"

ခြံရှေ့တွင်သာ စကားရပ်ပြောနေကြတဲ့ Kim နဲ့ Tae ကိုကြည့်ပြီး Tee ပြောလိုက်ခြင်း။ Tee ပြောမှ Kim သတိဝင်လာပြီး သူ့အိမ်ထဲသို့ ခေါ်တော့သည်။ အိမ်ထဲသို့ ရောက်သည်နှင့် Tae တို့အဖွဲ့ Kim မိဘတွေနဲ့ မိတ်ဆက်ကြ ဝိုင်းကူညီကြနဲ့ ဆွေမျိုးရင်းချာတွေလို ခဏအတွင်း ခင်မင်သွားကြသည်။ 'ညစာစားပြီးမှပြန်ရမယ်'ဟူသော Kim ရဲ့မိဘတွေ အတင်းတောင်းဆိုမှုကြောင့် ညစာစားပြီးမှ ပြန်ကြလေသည်။ ပြန်ခါနီးတွင် Kim က Tae ကို ပြောစရာရှိသည် ဆိုသောကြောင့် Goxxd တို့ကို အရင်ပြန်ခိုင်းလိုက်သည်။

"N ပြောစရာရှိတယ်ဆို"

"Khrap ..ဟိုလေ ဟိုတစ်ယောက် အခုလောက်ဆို စိတ်ဆိုးနေမလားလို့"

"ဘယ်တစ်ယောက်လဲ"

"ဟို.. P ရဲ့ညီ"

"အာ စိတ်မဆိုးပါဘူး P တို့လာဖြစ်တာလဲ သူပြောပြလို့လေ..P တို့မလာချင်ရင်တောင် သူကအတင်းလွှတ်နေတာ"

"ဒါ..ဒါပေမယ့် သူကကျွန်တော့်ကို မုန်းနေတာမဟုတ်ဘူးလား"

"အဲဒါပဲ P လဲစဉ်းစားမရ ဖြစ်နေတာ အရင်ကဘယ်သူ့ကိုမှ သူအဲ့လိုမပြောဖူးဘူး"

ချစ်သူ့အမုန်း(Completed)Where stories live. Discover now