Part *6*

761 31 1
                                    

*ချစ်သူ့အမုန်း*

နေ့တစ်နေ့၏ ညနေစောင်းအချိန်တွင် Coffee ဆိုင်လေးတွင် Tae တို့အဖွဲ့ရှိနေလေသည်။ ထုံးစံအတိုင်း Cop နဲ့ Rose တို့မပါဝင်ပေ။

"P တောင်းပန်ပါတယ်"

"ဘာအတွက်လဲ P"

"P ရဲ့ညီ..."

"P အမှား မဟုတ်ပါဘူး သူကိုယ်တိုင်က ကျွန်တော့်ကို သဘောမကျတာ"

"ဒါနဲ့ N Rose နဲ့ မင်းညီက ဘယ်တုန်းက တွဲနေတာလဲ ငါတို့လဲ မသိရပါလား"

"ငါသိရင် N Kim နဲ့ကိစ္စကို ကူညီပေးပါ့မလား"

"ကျွန်တော် ပြန်တော့မယ်"

"Ai Kim!! ငါလိုက်ပို့ပေးရမလား"

"ငါမိန်းကလေးမဟုတ်ဘူး"

Coffee ဆိုင်ကနေထွက်သွားသော Kim ကို Tae တို့အဖွဲ့ စိတ်မကောင်းဖြစ်စွာ ကြည့်နေကြသည်။ Kim ထွက်သွားပြီးမကြာ Rose ရောက်လာသည်။

"Sawade P တို့"

"Wade"

"P Tae!! N ကိုစိတ်ဆိုးနေမှန်း သိပါတယ် ဒါပေမယ့် N အမှန်တရားကို ပြောမှဖြစ်မယ် အခုတောင် Cop ကို သင်တန်းမလာဘူးဆိုပြီး P တို့ဆီထွက်လာတာ"

"ဘာလို့လဲ N"

"P တို့မသိသေးတဲ့ အမှန်တရားတစ်ခုရှိတယ်"

"ဘာလဲ"

"တကယ်တော့ Cop က Kim ကို အရမ်းချစ်တာ"

Rose ပြောတဲ့စကားကြောင့် Tae တို့အံ့သြသွားသည့်အပြင် ပစ္စည်းလွတ်ကျသံကြား၍ လှည့်ကြည့်မိတော့ Kim ဖြစ်နေသည်။

"N ဘယ်တုန်းက.."

Tae ပြောမှ အယောင်ယောင်အမှားမှားနှင့် လွတ်ကျသွားသော စာအုပ်ကို ပြန်ကောက်နေသည့် Kim..

"ဟို P Tae သူငယ်ချင်းက စာအုပ်ပေးခိုင်းလို့ သူကသွားစရာရှိလို့တဲ့"

"Ai Lam လား"

"ဒါတွေထားပါ Ai Kim.. နင်ပါကြားသွားပြီဆိုတော့ မထူးတော့ဘူး မြန်မြန်လာခဲ့ ငါပြောပြမယ်"

"အင်း"

Rose စကားကြောင့် Kim လဲ သိချင်စိတ်ဖြင့် နားထောင်ဖို့ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ချစ်သူ့အမုန်း(Completed)Where stories live. Discover now