Part *10*(Final)

1.3K 43 7
                                    

*ချစ်သူ့အမုန်း*

ညစာအတူစားပြီးချိန်တွင် Cop ကိုခေါ်၍ ပန်းခြံတစ်ခုဆီသို့ Kim ကားမောင်းထွက်လာခဲ့သည်။ လူရှင်းသည့်နေရာတွင် ကားကိုရပ်ကာ နှစ်ယောက်လုံး ကားပေါ်ကဆင်းပြီး ထိုင်ခုံလေးမှာဝင်ထိုင်သည်။ ကောင်းကင်ကို မော့ကြည့်မိတော့ တိုက်ဆိုင်စွာပင် ကြယ်တွေနှင့် ပြည့်နှက်နေသော ကောင်းကင်ကြီးက ကြိုဆိုနေလေသည်။

"Wow!! ဒီညကြယ်တွေစုံနေပါလား"

"အင်း ဟုတ်တယ် ကို့အတွက်လဲ အရာရာပြည့်စုံနေတယ်"

Kim စကားကြောင့် Cop ကောင်းကင်ကို ကြည့်နေရာမှ Kim ဘက်ကို အကြည့်ရောက်လာသည်။ ထိုအချိန် ကောင်းကင်ကို မကြည့်ပဲ Cop ကိုသာ ကြည့်နေတဲ့ Kim ရဲ့ မျက်ဝန်းတွေနှင့် ဆုံမိလေသည်။

"Kim"

"ဟင်"

"ကျေးဇူးတင်ပါတယ်"

"ဟမ် ဘာလို့"

"မပြောင်းလဲပဲ ငါ့အနားမှာရှိနေပေးလို့"

"ကိုက ကျေးဇူးတင်ရမှာ အရင်ဘဝကလဲ ကို့နောက်လိုက်လာပေးတယ် ဒီဘဝမှာလဲ ကို့ကြောင့် ကျိန်စာမိနေသေးတယ်"

"ဒါက မင်းကြောင့်မဟုတ်ပါဘူး ကံတရားကြောင့်ပါ"

"ဒါနဲ့ Rose ကလဲ မှတ်မိနေတယ်နော် Baby တို့ စတွေ့ကတည်းက မှတ်မိတာလား"

"အင်း ငါအရင်တွေ့တာပါ မှတ်မိနေတာနဲ့ သွားခေါ်တော့ Ai Cop ဆိုပြီး ပြေးဖက်တာလေ သူ့အမေက အံ့သြတာပေါ့"

"ဟားးး ဒါနဲ့ ကို့ကိုလဲ စတွေ့တည်းက မှတ်မိတာပေါ့"

"အင်း"

"ဘာလို့ ကို့ကိုမပြောတာလဲ"

"မင်းမှတ်မိမလားလို့ စောင့်ကြည့်နေတာရယ် ပြီးတော့ ငါ.."

"ကို ငယ်ငယ်က အပြင်းဖျားပြီး ဘာမှမမှတ်မိတော့တာ အခုချိန်ထိပဲ ဒါပေမယ့် ကို Baby ကို အရမ်းချစ်တယ်"

"ဘာမှလဲ မဆိုင်ဘူး"

"ကို Baby ကိုမေးချင်တယ်"

"မေးလေ"

"ကို Baby ရဲ့ တရားဝင်ချစ်သူ ဖြစ်ခွင့်ရှိမလား"

"အရူးးး မင်းနောက်လိုက်လာကတည်းက မင်းသိသင့်တယ်"

"ကို သိပါတယ် ဒါပေမယ့် Baby က လူကြားထဲမှာ ကိုနဲ့လက်မတွဲချင်သလိုပဲ"

ချစ်သူ့အမုန်း(Completed)Where stories live. Discover now