Game:01,Chapter:09

3.7K 435 10
                                    

Unicode

အိမ့်ဖြူစိတ်ထဲတွင် တစ်ခုခုမတရားလုယူခံလိုက်ရသလိုခံစားနေရသည်။
နဂိုတည်းကမည်သည့်အရာကိုပိုင်ဆိုင်ခဲ့မှန်းမသိခဲ့သော်လည်းပေါ့

သူပိုင်ဆိုင်ခဲ့တဲ့အရာက သူချစ်တဲ့ ရဲစည်သူလား
ဒါမှမဟုတ် သူ့ကိုဂရုစိုက်တဲ့ ရဲစစ်သူ လား

သူဆုံးရှုံးခဲ့တယ်ဆိုတာကရော သူချစ်တဲ့ ရဲစည်သူလား
သူ့ကိုဂရုစိုက်တဲ့ ရဲစစ်သူလား

သူလက်ထဲမှပန်းသီးကိုအခွံနွှာနေရင်းမျက်လုံးများကဝေဝါးလာတေယ့သည်။

ထို့နောက်တွင်တော့ သူမလက်ဆီမှဆိုးရွားစွာနာကျင်လာသော စူးရှမှုနဲ့ ဝေဝါးမှုကြားမှမြင်နေရသော အနီရောင် တစ်ချို့။

"သမီးရယ် ဘာတွေတွေးနေတာလဲ
လက်ရှသွားပြီ"

"အန်တီသန်း!!"

သူမ အန်တီသန်း (ရဲစစ်သူ အမေ) ကိုခေါ်မိကာ ဆေးရုံကုတင်ပေါ်မှအန်တီသန်းရင်ခွင်ထဲဝင်ကာင်ိုကြွေးနေမိသည်။

"မငိုပါနဲ့ သမီးရယ်
ပြောစမ်း အန်တီသမီးကိုဘယ်သူကငိုအောင်လုပ်တာလဲ
အန်တီသူ့ကိုသွားရိုက် (အဟွတ် အဟွတ်)......"

နေမကောင်းသော အန်တီသန်းကိုစိတ်ဒုက္ခမပေးချင်သောကြောင့်

"ဘာမှမဖြစ်ပါဘူး အန်တီသန်းရယ်
ပြီးတော့ သမီး အန်တီသန်း သမီးမဖြစ်ချင်ဘူး"
'အန်တီသန်းချွေးမပဲဖြစ်ချင်တာ'

နောက်စကားကိုတော့သူမစိတ်ထဲကသာရေရွတ်မိပေမဲ့
ငယ်ရာကိုဖြတ်သန်းလာပါတယ်ဆိုသောအန်တီသန်းကသူမကိုစတင်စတော့သည်။

"ဟာ...
အန်တီသန်း ကလည်း လိုက်စနေရင် သမီးပြန်တော့မှာနော်"

"ဟုတ်ပါပြီ ချွေးမလေးရယ်"

ဟုဆိုကာသာပြီးသွားတော့သည်။
ဆေးရုံမှာနာတာရှည်ရောဂါနဲ့လဲနေသောအန်တီသန်းကိုသူမကသာအမြဲဆေးရုံစောင့်ပေးရသည်။

သူမတို့နေသောရပ်ကွက်လေးဆီသို့အန်တီသန်းစပြောင်းလာစကသူမအရမ်းပျော်ခဲ့သည်။
အမြဲသူမကိုမုန့်တွေခေါ်ကျွေးတတ်သော အန်တီချောချော တစ်ယောက်ပေါ့။
တဖြည်းဖြည်းနဲ့အန်တီသန်းက ချုံးချုံးကျလာသည်။
တစ်ခါတစ်လေ တစ်ယောက်တည်းမေ့လဲနေတတ်သည်။
နောက်မကြာမီတွင်သူ့သားဟုခေါ်သောသူမနဲ့ရွယ်တူကြည့်ကောင်းသောကောင်လေးတစ်ယောက်ရောက်လာကာအန်တီသန်းကိုဆေးရုံတင်ပေးခဲ့သည်။
သူမနဲ့အန်တီသန်းကြားကသံယောဇဉ်ကြောင့် အန်တီသန်းဆေးရုံတက်နေစဉ်သူမသာဆေးရုံစောင့်ပေးခဲ့သည်။
အန်တီသန်းကြောင့်ပင်ထိုကောင်လေးတက်သောကျောင်းတွင်သူမတက်နိုင်ခဲ့သည်။
လူအများအမြင်တွင်တော့ ပညာသင်ဆုပေါ့။

MISSION-I (Rest) Where stories live. Discover now