Game:01,Chapter:12

3.3K 386 17
                                    

Unicode

အိမ့်ဖြူတစ်ယောက် ခိုင်ပွင့်ဝေခြံရှေ့တွင်မတ်တပ်ရပ်ကာဝင်သင့်မဝင်သင့်စဉ်းစားနေသည်မှာအချိန်အတော်ကြာပြီဖြစ်သည်။

စောနကမှကားထဲတွင်ကိုသန့်ပြောခဲ့တဲ့စကားများကိုပြန်ကြားယောင်ကာ သူမရှေ့လှမ်းဖို့ပင်တုန့်ဆိုင်းနေမိသည်။

7:19 P.M~~~~

ပွဲစတာတစ်နာရီမျှသာရှိသေးသော်လည်းပွဲမှာလူစုံကာစည်ကားနေလေသည်။
သူမရပ်ကြည့်နေတဲ့နာရီဝက်ဆိုတဲ့အချိန်အတွင်းမှာပင်ဝင်ရောက်သူဆိုတာမရှိတော့။

သူမသက်ပြင်းရှည်တစ်ချက်ချကာခြံထဲသို့ဝင်ခဲ့လိုက်တော့သည်။
သူမဝင်လိုက်တော့အားလုံးရဲ့အကြည့်တွေကသူမတစ်ယောက်တည်းဆီကျရောက်လာတော့သည်။

သူမကိုယ့်ကိုယ်ကိုအားပေးကာရှေ့ဆက်ရန်ခြေလှမ်းလှမ်းလိုက်မိသည်။
သူမခြေတစ်လှမ်းလှမ်းလေပြင်းထန်လာသောစကားသံတွေကြောင့်သူမခြေလှမ်းများပင်ယိမ်းယိုင်သွားတော့သည်။

ဝတ်စုံဒီဇိုင်းတူနေသောမိမိနှင့်ခိုင်ပွင့်ဝေကြောင့်အားလုံးပြောကြတဲ့စကားကသူမဝတ်စုံနဲ့ပတ်သတ်တာပင်။

သူမလိုမိန်းကလေးတစ်ယောက်ကခိုင်ပွင့်ဝေလိုနဲ့မိန်းကလေးမျိုးနဲ့ဘယ်လိုယှဉ်ယှဉ်မမှီကြောင်း။
သူမဝတ်ထားတဲ့ဝတ်စုံရဲ့တန်ဖိုးနဲ့သူမမအပ်စပ်ကြောင်း။

ဘယ်လိုဟာသမျိုးလဲမသိပေမဲ့အဲ့လူတွေပြောတာတွေကရယ်တော့ရယ်ရသား။
သူမလည်းလူပဲလေ
သူမဝတ်လို့မရတဲ့သူမဝတ်ဖို့မတန်တဲ့အရာဆိုတာရှိသေးတာလား။
အရောင်သာကွာသောဝတ်စုံနှစ်စုံလိုပင်သူမတို့နှစ်ယောက်ကြားကခြားနားမှုဆ်ိုတာလည်းအပေါ်ယံလောက်သာကွားခြားသည်။

သူမကိုပြောနေကြသောလူများမှာလည်းမိန်းကလေးများသာဖြစ်ပြီးယောကျာ်းလေးများကတော့သူမရဲ့ပြောင်းလဲသွားမှုကြောင့်သူမဘေးစုလာတော့သည်။

ဒီညမှာ ခိုင်ပွင့်ဝေ ကတည်ငြိမ်ရင့်ကျက်စွာလှပပြီးနူးညံ့သိမ်မွေ့တဲ့နတ်သမီးလိုဖြစ်တည်မှုဆိုသူမက ကာကွယ်မှုလိုအပ်နေတဲ့ပန်းကလေးတစ်ပွင့်လိုမြင်သူတကာထွေးပွေ့ချင်တဲ့ချစ်စရာကလေးလေးလိုပင်။

MISSION-I (Rest) Where stories live. Discover now