Game:01,Chapter:15

2.9K 344 10
                                    

Unicode

"သမီးအကြောင်းဘာကြားသေးလဲ"

ရဲစစ်သူဖြေးညှင်းစွာသာခေါင်းခါပြလိုက်တော့သည်။
တစ်ပတ်ကြာပြီဖြစ်သော်လည်းထိုနေ့အကြောင်းစုံစမ်းသော်လည်းဘာဆိုဘာမှရေရေရာရာအသိရချေ။
ကားအဝင်အထွက်မပြောနဲ့ကားရပ်တဲ့မှတ်တမ်းတောင်မရှိ။

အိမ့်ဖြူကလည်း စစ်ကြည့်တော့ alcohol ကြောင့်အမူးလွန်ပြီးသတိလစ်သွားတယ်ပဲဲပြောတယ်။
အစားအသောက်တွေစစ်ကြည့်တော့လည်းဆေးကဘယ်ထဲဘယ်လိုထည့်ခပ်မှန်းပင်မသိ။

မျက်မြင်သက်သေများကလည်းထိုအရက်မှာဝေ့လက်နဲ့ဝေကိုယ်တိုင်ယူတာကိုတွေ့ကြသူချည်းသာ။သတင်းကအစအနပင်မရှိတော့တွေ့ဖို့မပြောနဲ့ခန့်မှန်းဖို့ပင်မရဖြစ်နေလေသည်။

ရဲများကလည်းပိုက်စိပ်တိုက်ရှာသော်လည်းအချိန်နဲ့အမျှလူပန်းလာသောကြောင့်လက်လျော့လိုက်ဖို့သာပြောကြလေသည်။
နောက်ဆုံးရဲများနဲ့ဆရာဝန်တစ်ချို့ရဲ့ခန့်မှန်းချက်တွေအရ ဝေ့ရဲ့ပျောက်ဆုံးမှုကို အိမ်ပြေးမှုအဖြစ်သတ်မှတ်လိုက်ကြတော့သည်။

အကြောင်းပြချက်ကတော့ လက်မထပ်ချင်လို့ ဟူ၍ဖြစ်သည်။

ဝေ~~~~~
ကိုယ်နဲ့တွေ့ရင်တစ်ခုပဲပြောပြပေးပါ
ကိုယ့်ကြောင့် ထွက်ပြေးတာမဟုတ်ဘူးလို့ပေါ့
ဖြူ....ဖြူပြောသလိုပဲ....ဖမ်းခေါ်ခံရတယ်ဆိုတာလေးပဲပြောပြပေး
ကိုယ်...ဝေပြောသမျှအကုန်ယုံပေးပါ့မယ်
=============================
မင်းသာပြောပြပေး........
ကိုယ်က မင်းပြောသမျှယုံပေးမဲ့ ငတုံးလေး ဖြစ်ပေးပါ့မယ်.......
မင်းတစ်ယောက်ပြောတာပဲယုံပေးမှာမလို့.........
ကျေးဇူးပြု ပြီး....ပြောပြပေးပါ
==============================
"Omma!!!!!"

Lily(lolly ကိုနောက်ပိုင်း lily လို့ပဲသုံးပေးပါ့မယ်နော်) TV ကြည့်နေရင်းအိပ်ပျော်သွားကာ အခုတစ်စုံတစ်ယောက်ရဲ့ဆွဲပွေ့ခြင်းခံလိုက်ရတာမို့ရုတ်တရက်လန့်နိုးသွားတော့သည်။

"ဟာ~~ကော
နှိုးပါလား
ဘာလို့လန့်အောင်လုပ်တာလဲ"

"ကိုယ်က ကလေး နိုးသွားမှာစိုးလို့လေ"

"အဲ့တာဆိုလည်းပြီးရော..."

ဟုဆိုကာ မျက်လုံးပြန်မှိတ်ကာနေလေသော သူ့ရဲ့ကလေး။
တစ်နေ့တစ်နေ့အချစ်တွေတိုးလာရသောသူရဲ့ကလေးကြောင့်သူ့ဘဝကပျော်ရွှင်စရာတွေနဲ့သာပြည့်နှက်နေခဲ့တော့သည်။

MISSION-I (Rest) Where stories live. Discover now