Game:01,Chapter:18

2.3K 287 6
                                    

Unicode

After 2 weeks~~~~~~~~~~

Lolly တစ်ယောက် ကောင်းသန့်ရဲ့မြို့ပြင်ကစံအိမ်တော်တွင်ရှိနေသည့်အချိန်များမှာသူ့ဘဝအတွက်အပျော်ဆုံးအချိန်များပင်။
သူမဝရန်တာမှနေခြံထဲမှ ကောင်းသန့်ကိုယ်တိုင်စိုက်ထားသည်ဟူသောနှင်းဆီပန်းခင်းကြီးကိုငေးကြည့်နေမိသည်။
သူ့အရောင်နဲ့သူကန့်စိုက်ထားခြင်းမဟုတ်သော်လည်းနှင်းဆီဖြူများကြားတွင်ကျန်သောအရောင်များကတစ်ပွင့်တစ်ပွင့်နဲ့ထင်းနေကာတစ်မျိုးကြည့်လို့လှနေပြန်သည်။

"ဘာတွေတွေးနေတာလဲ lily"

အသံလာရာဆီလှည့်ကြည့်လိုက်တော့သူမဆီဥိီးတည်ကာလျှောက်လာသော zee။

"အင်း....
ဒီအတိုင်းပဲ လှလို့"

သူမရှေ့ကပန်းခင်းကိုရည်ညွှန်းကာပြောသည်ကိုသိသော သူလည်း မိမိလိုပင်ဝရန်တာပေါ်လက်ထောက်ကာအတူတူလာကြည့်နေတော့သည်။
အချိန်အတော်ကြာမှ

"ခိုင်ပွင့်ဝေ မင်း ဘာတွေတွေးနေနေအဲ့အတွေးတွေကကောင်းသန့်အတွက်အန္တရာယ်မရှိပါစေနဲ့"

"Huh?
ဘာကိုဆိုလို"

"ဆေးစစ်ချက်ထွက်လာတယ်
အရင်ပတ်က"

"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ
Lily ကခိုင်ပွင့်ဝေ မှမဟုတ်တာ
အဲ့တော့ Zee က lily ကိုတစ်ပတ်လုံးစောင့်ကြည့်နေခဲ့တာပေါ့"

"မင်းလိမ်ဖို့မကြိုးစားပါနဲ့တော့
မင်းအပေါ်မှာဆေးရဲ့ဆ်ိုးကျိုးမသက်ရောက်ဘူး"

"Zee ရှင်သိလား
ကျွန်မ သာ ခိုင်ပွင့်ဝေဆိုဒီအချိန်ဘယ်သူ့အနားမှာရှိလောက်မလဲ
ပြီးတော့ ဟိုတစ်ခါ mall မှာဖြစ်ခဲ့တဲ့ကိစ္စကိုမသိဘူးမပြောနဲ့
ရှင်သိပါတယ် ကျွန်မ သာထွက်ပြေးချင်ရင်ဒီလောက်မခက်ဘူးဆိုတာ"

"မင်းသာ...ခိုင်ပွင့်ဝေ..မဟုတ်ရင်......"

"ကျွန်မက သူ့ခန္ဓာကိုယ်ကိုအပိုင်ရလိုက်တဲ့ကပ်ပါးကောင်သက်သက်ပဲ
ကျွန်မနာမည် Lolly ပါဆို"

"အဲ့တာဆိုမင်းတောက်လျှောက်လုပ်နေတာတွေက.. "

"ကျွန်မ ကောရဲ့ဘေးမှာနေဖို့ဒီခန္ဓာကိုယ်ကိုလိုတယ်ဆိုရင်တောင် ကျွန်မ ခိုင်ပွင့်ဝေ အဖြစ်နဲ့မရှင်သန်ဘူး
ကောဘေးမှာကောကိုချစ်တဲ့ lolly အဖြစ်နဲ့ပဲနေမှာ
ကျွန်မ ကခိုင်ပွင့်ဝေဆိုရင်တောင် ခိုင်ပွင့်ဝေရဲ့နေရာကိုလုယူမဲ့သူပဲ အစားထိုးခံမဟုတ်ဘဲ"

MISSION-I (Rest) Where stories live. Discover now