Game:01,Chapter:14

3K 380 18
                                    

Unicode

Lolly တစ်ယောက်ဆူးခန္ဓာကိုယ်ထဲစရောက်တာနဲ့ပထမဆုံးခံစားမိသည်မှာခေါင်းကိုက်မှုပင်။
အချိန်ကွားခြားမှုကြောင့်သူမအိပ်ပျော်နေသည်မှာဘယ်လောက်ကြာမှန်းသူမမခန့်မှန်းနိုင်တော့ပေ။
ဒီကြားထဲမေ့ဆေးမိထားတဲ့အရှိန်ကလည်းပါဝင်နေတော့နိုးနိုးချင်းကိုသူမခေါင်းပင်မထောင်နိုင်ချေ။

သူမလှဲနေရင်းမျက်နှာကြတ်ကိုအချိန်အတော်ကြာကြည့်နေမိသည်။
သူမလက်ကိုအားပြုကာထိုင်လိုက်တော့.... သူမလှဲနေသောကုတင်ဘေးတွင် ကျွန်းကုလားထိုင်တစ်လုံးနဲ့ဘေးမှစားပွဲဝိုင်းလေးတစ်ခုကိုတွေ့ရလေသည်။
ထိုခုံပေါ်တွင်မေးထောက်ကာအိပ်ပျော်နေသူကတော့တခြားသူမဟုတ်....သူမရဲ့ကောကောပင်။

သူမ ကောကော ရဲ့မျက်နှာကိုကိုင်ရန်လက်လှမ်းလိုက်သော်လည်းဗိုက်ထဲမှဆာလောင်မှုအချက်ပြသံကြောင့်လက်ကလေထဲတွင်ရပ်တန့်သွားတော့သည်။
သူမတိုးတိုးလေးထသွားရန်သာဆုံးဖြတ်လိုက်ရတော့သည်။

ကောကော ကိုသူမကြောင့်နဲ့အလုပ်မရှုပ်စေချင်ပါ

သူမထိုကုလားထိုင်ဘေးသွားကာမတ်တပ်ရပ်လိုက်ပြီး ကော ရဲ့ဆံပင်လေးကိုသပ်တင်ပေးမိသည်။

"ကော ကဘယ်ရောက်ရောက်ချောနေတာပဲ😇😇"

သူမအပြင်ထွက်ရန်မှန်ရှေ့မှအဖြတ်သူမရဲ့အဆင်မပြေတဲ့အဝတ်စားကြောင့်အရင်လဲရန်တစ်ခုခုရှာရတော့သည်။
နောက်ဆုံးတော့ ဘီရိုထဲမှတွေ့သည့် ကော ရဲ့ရှပ်အကျႌလက်ရှည်တစ်ထည်နဲ့အားကစားဘောင်းဘီတိုတစ်ထည်ကိုသာဝတ်လိုက်တော့သည်။
အကျႌရဲ့အရှည်ကြောင့်ဘောင်းဘီမှာအကျႌအောက်ရောက်ကာပျောက်ဆုံးနေလေသည်။

"ဒီအတိုင်းလည်းအဆင်ပြေပါတယ်နော်😕😕😕"

သူမလည်းဘာမှထပ်ပြင်ရန်မစဉ်းစားတော့ဘဲအပြင်ထွက်ရန်တံခါးဆီသို့လျှောက်လှမ်းလိုက်တော့သည်။
တကယ့်ပြသနာကတံခါးမှာတွင်တည်ရှိနေလေသည်။
Password ကိုတံခါးအတွင်းဘက်မှထားကာပိတ်ထားလေသည်။

"ကောက ကျပ်မပြည့်တော့တာများလား ဟေ
ဘောက်မဲ့ကြောင့်တံခါးလော့ခ်ကိုအတွင်းဘက်မှာထားထားတာလဲ😌😌😌"

MISSION-I (Rest) Where stories live. Discover now