Game:01,Capter:13

3.1K 416 3
                                    

Unicode

"ကောကော~~~"

ဒါ သူမသူ့လက်ထဲမေ့မလဲသွားခင်နောင်ဆုံးပြောသွားတဲ့စကားပင်။

Knock~Knock~

တံခါးခေါက်အသံပြုကာအထဲသို့ဝင်လာသော Zee...

"ဘယ်လိုလဲ zee
သူပြောတာဘယ်သူလဲသိပြီလား"

အသာအယာခေါင်းခါပြလာသောကြောင့်ဒေါသထွက်ကာ သူ့ဘေးမှ အရက်ပုလင်းကိုနံရံဆီသို့ပေါက်ခွဲလိုက်မိတော့သည်။

သူထလိုက်ကာအခန်းထဲမှထွက်ရန်ပြင်လိုက်တော့သည်။
တံခါးဝဆီမှ

"ငါမခေါ်ဘဲ ဘယ်သူမှအဲ့အခန်းထဲကိုမလာနဲ့
ဝင်လာတဲ့သူအသေပဲ"

ဟုဆိုကာထွက်သွားတော့သည်။

သူ ဘယ်သွားလဲ သိနေတဲ့ zee ကတော့ဘာမှမမေးသလိုဘာမှလည်းမပြော။

"မင်းရဲ့ဒီပုံစံထာဝရပျောက်ဆုံးသွားရင်ကောင်းမယ် ကိုသန့်"

အခန်းထဲမှ zee ထံမှမျှော်လင့်ချက်တွေကိုတော့ကြားတဲ့သူမရှိခဲ့ချေ။
================
မွေးနေ့ရှင်ပျောက်ဆုံးနေတဲ့မွေးနေ့ပွဲဟာလည်းပျက်သုန်းသွားခဲ့ပါတယ်။
အလွန်တရာရိုးရှင်းစွာနဲ့ပေါ့။

မိမိမှာစိတ်ကောက်နေသော်လည်းမနေနိုင်တဲ့သူကလည်းကိုယ်ပဲဖြစ်နေတော့ရဲစစ်သူမှာ ခိုင်ပွင့်ဝေ ကိုချော့ရန် ခြံတွင်းသို့မြေနင်းရှာရတော့သည်။

သို့သော်လည်းသူမေးသည့်သူတိုင်းမှမသိမတွေ့မမြင်ဟူသောဘူးတစ်လုံးဆောင်စကားများကိုသာတောက်လျောက်ကြားနေရတော့သည်။

သူမတတ်နိုင်တဲ့အဆုံးမှာတော့ စင်ပေါ်တက်ကာမိုက်နဲ့ ခိုင်ပွင့်ဝေ ကိုတွေ့မိသူရှိလားဟုတက်မေးရတော့သည်။

ကောင်မလေးတစ်ယောက်ကလက်ထောင်ကာ

"စောနက အိမ့်ဖြူနဲ့ ဟိုအစွန်ဘက်ထွက်သွားတာတွေ့လိုက်တယ်"

သူမပြောစကားအရသူမညွှန်ပြရာဆီသို့သာထွက်ခဲ့လိုက်တော့သည်။

မှောင်ရိပ်ကျနေကာမမြင်ရသောနေရာတွင်တည်ရှိနေသောစားပွဲတစ်ဝိုင်း။

'အဲ့နေရာမှစားပွဲဘယ်သူထားထားတာပါလဲ
ငါပြောထားတဲ့ထဲမှာမပါပါဘူး'

MISSION-I (Rest) Where stories live. Discover now