Game:01,Chapter:22

1.8K 179 2
                                    

Unicode

အမြဲတမ်းအိမ်အပြင်ဘက်တွင်သာစောင့်လေ့ရှိသောသက်တော်စောင့်များမှာအိမ်ထဲလှေကားထိပ်ကနေပြီးတံခါးဝဆီသို့သေနတ်ကိုချိန်ကာရပ်နေကြတော့လေသည်။

သူမအခန်းထဲကထွက်လာသည်နဲ့ Zee ကသူ့မဘေးသို့သေနတ်တစ်လက်နဲ့ရောက်လာကာကာကွယ်ပေးနေတော့လေသည်။
ထို့နောက်သူမကိုနီးရာအခန်းတစ်ခုထဲခေါ်သွားကာ lock ချလိုက်တော့သည်။

"Zee!
ကောရော?
ကောဘယ်မှာလဲ
ဘာတွေဖြစ်နေတာလဲ"

"ကိုသန့်ကအခုအပြင်မှာရှိနေတယ်
စိတ်မပူပါနဲ့ကိုသန့်ဘေးကလူတွေအကုန်လက်ရွေးစင်တွေချည်းပဲ
ပြီးတော့ဒီလိုပုန်ကန်မှုသေးသေးလေးတွေကဖြစ်နေကျပါ
ကိုသန့်ကဒီလိုအခြေအနေမျိုးကိုကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်"

"Zee ကျွန်မကဒီထက်ဆိုးတာတွေနဲ့တောင်ရင်ဆိုင်ဖူးတယ်
လူလည်းသတ်ဖူးတယ်
သေနတ်လည်းပစ်တတ်တယ်
ကျေးဇူးပြုပြီး ကော...ကော..ကိုပဲကာကွယ်ပေးပါလား
ကျွန်မကိုသေနတ်တစ်လက်ပဲပေးခဲ့ပေး
ရှင်တို့ပြန်လာတဲ့အချိန်ထိဘာမှမဖြစ်စေရဘူးလို့ကတိပေးတယ်
ရှင်...ရှင် ကောဘေးကိုပဲသွားကာကွယ်ပေးပါနော်"

Lily ရဲ့ပုံမှန်မဟုတ်တဲ့ပုံစံနဲ့စကားတို့ကြောင့် Zee အံ့သြနေမိသည်။
သို့သော်သူလည်းကောင်းသန့်ကိုစိတ်ပူနေတာမို့သူ့လက်ထဲကသေနတ်အား Lily ကိုပေးကာထိုအခန်းထဲမှထွက်၍ကောင်းသန့်ရှိရာလှေကားအောက်သို့ဆင်းခဲ့လိုက်တော့သည်။

သူမလည်းထိုအခန်းထဲမှအဖြူရောင်လက်ရှည်နဲ့အမဲရောင်ဘောင်းဘီရှည်တို့ကိုလဲကာဝတ်ဆင်ပြီးထိုအခန်းထဲကနေထွက်ခဲ့လိုက်တော့သည်။

သူမအပြင်ရောက်တော့အောက်ထပ်တစ်ထပ်လုံးမှာအငွေ့များဆိုင်းနေပြီးဘာမှမမြင်ရပေ။
သို့သော်အပေါ်ကကြည့်နေသောသူမအတွက်တော့အနည်းငယ်ကွဲကွဲပြားပြားမြင်နေနိုင်သေးသည်။

လူအားဖြင့်ထိုဘက်ကသာသော်လည်းလက်နက်နဲ့ကျွမ်းကျင်မှုကမိမိတို့ဘက်ကသာအသာရနေလေသည်။
သူမလည်းအပေါ်ကနေမြင်တာနဲ့သေချာချိန်ကာပစ်လိုက်တော့သည်။

MISSION-I (Rest) Where stories live. Discover now