Game:01,Chapter:21

2K 189 3
                                    

Unicode

ကောင်းသန့်ရဲ့မှောင်မှောင်မဲမဲအခန်းကနေနေ့ချင်းညချင်း lily လက်ထဲသော့အပ်လိုက်တာအခန်းက setting တွေပါအကုန်ချိန်းသွားပါတော့တယ်။

ကောင်းသန့်အဲ့အခန်းထဲလူမဝင်စေလိုသောဆန္ဒကြောင့်ကိုယ်တိုင်အုတ်ကိုင်ကာပိတ်ခဲ့ရသောပြတင်းပေါက်ကြီးမှာလည်း lily ရဲ့ ဆယ်ပေါင်တူနဲ့ထုချမှုကြောင့်အစအနပင်ရှာမရတော့ချေ။

နဂိုပြာလဲ့လဲ့နဲ့ကြည့်ကောင်းတယ်ထင်ခဲ့တဲ့နရံကြီးကလည်း lily ရဲ့ဘယ်နှထပ်မှန်းမသိတဲ့သုတ်ဆေးကြောင့် နံရံထုံးသုတ်ထားသလိုပင်။
အမြဲသွေးညှီနံတွေသာရတတ်သည့်အခန်းကအခုတော့နှင်းဆီနံသင်းသင်းလေး။

သို့သော် သူချစ်တဲ့သူကသူ့အတွက်ပြင်ဆင်ပေးထါးစည်ဟူသောအတွေးနဲ့ပင်အရာအားလုံးကလှပနေပါတော့တယ်။

ထိုသို့ပြောင်းလဲမှုရဲ့မူလတရားခံနှစ်ယောက်ကတော့ နှိုးမရအောင်ကုလားသေကုလားမောအိပ်စက်နေကြလေသည်။

သူလည်းပြုံးကာသာထိုနှစ်ယောက်အတွက်ဘာလုပ်ပေးရမလဲစဉ်းစားနေတော့သည်။
ပြောလို့ပြောတာမဟုတ် သူတို့နှစ်ယောက်အိပ်နေတာတောင်အိမ်ကသရဲအိမ်လိုပဲခြောက်ကပ်နေတော့သည်။
***********************
ကောင်းသန့် Lily အိပ်နေတဲ့ဘေးအသာဝင်လှဲကာခါးကိုတင်းနေအောင်ဖတ်လိုက်မိတော့သည်။
ပြီးတော့မှ ဘေးစောင်းအိပ်နေသော သူမပခုံးပေါ်ကိုခေါင်းတင်ကာ သူမရဲ့ ခန္ဓာကိုယ်သေးသေးလေးကိုသူ့ရင်ခွင်ထဲဆုန်းဆုန်းမြုပ်အောင်ဖတ်ထားလိုက်တော့သည်။

သူ့ရင်ခွင်ထဲမှထိုအကောင်ပေါက်ကချက်ချင်းလှုပ်လာကာသူ့ကိုကျောပေးထါးရာကနေသူ့ဘက်ရအောင်လှည့်ကာသူ့ကိုပြန်ဖတ်ရင်းသူ့ရင်ခွင်ထဲပိုမိုတိုးဝင်လာတော့လေသည်။
သူလည်း ပြုံးကာသာ ပိုတိုး၍ဖတ်ထားလိုက်ပြီး

"ထတော့လေ
နေ့လည်ရောက်နေပြီ
အစားကိုအချိန်မှန်စားရမှာပေါ့"

သူရင်ခွင်ထ​ဲက​နေပြီးခေါင်းကိုသာတွင်တွင်ခါပြနေတော့လေသည်။

"အဲ့တာဆို ဒုက္ခပါပဲ
ကိုယ်ကိုယ်တိုင်ချက်ထားတာတွေကိုသွန်ပစ်ရတော့မှာတော့ စားမဲ့သူမှမရှိတာ"

MISSION-I (Rest) Where stories live. Discover now