Game:01,Chapter:20

2.6K 251 7
                                    

Unicode

Titaung~~Titaung~~

အပြင်မှအဆက်မပြတ်ထွက်ပေါ်လာသောဘဲလ်သံကြောင့် Lily ရူးချင်စိတ်ပင်ပေါက်လာတော့သည်။
လွန်ခဲ့တဲ့ တစ်လလုံးလုံး ကောင်းသန့်တစ်ယောက်စိတ်ရူးပေါက်ကာ သူမအနားတောက်တဲ့လိုကပ်နေလေတော့သည်။
အေးဆေးလည်းမနေရဒီနေ့လေး TV ကြည့်နေလို့အေးဆေးနေရမလားမှတ်တယ်။
သာသနာဖျက်နဲ့လာတိုးနေသေးတယ်။
ကောင်းသန့်ရဲ့ညွှန်ကြားမှုကြောင့်အိမ်ထဲဝင်ခွင့်ရှိသူမှာ Zee တစ်ယောက်သာရှိလေသည်။
ထိုကြောင့်အပြင်နဲ့ဆက်သွယ်သောအလုပ်များကို Zee ကသာလုပ်ရလေသည်။
သူမ TV ကြည့်နေရင်းရိုက်ခွဲချင်စိတ်ပင်ပေါက်လာတော့သည်။

"ဖွင့်မဲ့သူမရှိရင်နောက်မှပြန်လာပါလား
လူလိုနားမလည်ဘူးလား
သူကအလုပ်သမားလား အလုပ်ရှင်လား Ashiiii~~~~&^%$^^!%@%@^!&!^%%"

သူမတံခါးဖွင့်လိုက်တော့တွေ့လိုက်ရသည်ကကောင်လေးတစ်ယောက်။
ကောင်လေးဟုဆိုသော်လည်းသူမနဲ့ရွယ်တူဟုဆိုနိုင်လေသည်။

"ဘာကိစ္စလဲ"
သူမမာမာပင်ပြောသော်လည်းထိုကောင်လေးကကြောက်ပုံတစ်စက်မပြ။

"မမလေး ကိုလူတစ်ယောက်ကပေးခိုင်းလိုက်လို့ပါ"
ဟုပြောပြီးပါဆယ်ဘူးတစ်ဘူးသူ့လက်ထဲထည့်ကာခပ်တည်တည်ပင်ပြန်လှည့်ထွက်သွားတော့သည်။

'ဘာလား😕😕😕😕'

သူမလည်းရှည်ရှည်ဝေးဝေးတော့တွေးမနေ။
သူမနာမည်နဲ့သူမဒီမှာရှိတာသိတဲ့သူကရှိမှမရှိတာ။

"ကော ကဘာတွေ suprise တိုက်ဦးမလ်ို့လဲမသိဘူး😁😁😁"

သူမဖွင့်ကြည့်ပြီးသည်နဲ့သူမနှုတ်ခမ်းထက်တွင်ညစ်ကျယ်ကျယ်အပြုံးတစ်ခုပေါ်ပေါက်လာတော့သည်။
တစ်ယောက်ယောက်ကသူမအတိတ်ကိုပြန်မှတ်မိအောင်ကူညီချင်ပုံရသည်။

"ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ
အဲ့တာ ငါကငရဲအရောက်အခမဲ့ပို့ပေးရတော့မှာပေါ့"
သူမထိုဘူးလေးကိုအဖုံးပိတ်ကာသူမဘေးနားမှာသာချထားလိုက်တော့သည်။

ထိုအချိန်တွင်အနောက်ဘက်မှချက်ပြုတ်နေသော Zee ကထွက်လာကာ
"စောနကဘဲလ်သံကြားတယ် ဘယ်သူလဲ"

MISSION-I (Rest) Where stories live. Discover now