အပိုင်း(၂)
4.6K 243 4
ကိုယ်မသိတဲ့ဝန်းကျင်တစ်ခုကို ရောက်လာပေမဲ့ ယောင်လည်လည်တော့ မဖြစ်မိ။
အခုလည်း ကျောင်းဝင်းကျယ်ကြီးထဲ ချိုးကွေ့ဝင်လိုက်တာကြောင့် Shin ကျောပိုးအိတ်ကို ကောက်လွယ်ကာ အသင့်ပြင်လေသည်။
ကျောင်းဆင်ဝင်အောက် ကားရပ်တော့ ကားပေါ်က အသာဆင်းလိုက်သည်။
သွားလာနေတဲ့ ကျောင်းသား ကျောင်းသူတွေအကုန်လုံးက သူ့အုပ်စုနဲ့သူ သွားလာ ရယ်မောနေကြသည်။
ကျောင်းကြိုပို့တောင် ကိုယ်ပိုင်ကားတွေနဲ့ပဲ ရောက်လာကြတာမို့ မားးးပြောင်းပေးလိုက်တဲ့ ကျောင်းက စိတ်ဝင်စားစရာတွေ များနေမှာတော့ အမှန်ပါပဲ။
ဒါပေမဲ့ ကျွန်တော်နဲ့ မဆိုင်ပါဘူးလေ၊ ခြေလှမ်းတွေက ကျောင်းမတက်ချင်တာမို့ စာကြည့်တိုက်ရှိရာ ဦးတည်လိုက်သည်။
ကားပေါ်မှာကတည်းက မားးထည့်ပေးလိုက်တဲ့ Driverဦးဦးကိုမေးထားပြီးသားမို့။
ကျောင်းသားကဒ်နဲ့အတူ စာကြည့်တိုက်ကဒ်ပါ မနက်ကတည်းက ပေးလိုက်တာမို့ ဘာမှ လုပ်စရာတောင်မလို စာအုပ်လေးငှားပြီး ထောင့်နားကနံရံကိုမှီကာ ကြမ်းပေါ်ထိုင်ချလိုက်သည်။
စာအုပ်တန်းတွေရဲ့ ထောင့်စွန်းမို့ ဘယ်သူမှလည်း မတွေ့နိုင်သလို တော်တော်လေး တိတ်ဆိတ်နေလေသည်။
ကျောင်းချိန်မို့ စာကြည့်တိုက်ထဲမှာ စာတမ်းလုပ်မယ့် အတန်းကြီးတွေပဲ ရှိနေလေသည်။
တိတ်ဆိတ်မှုကို နှောက်ယှက်မယ့်သူ မရှိခင်ကပေါ့။
"ဘုတ်!!!"
လွယ်အိတ်မဲတစ်လုံး မျက်စိရှေ့နားကို ပစ်ကျလာလေသည်။
"ငါ့နေရာက ဖယ်ပေးလို့ရမလား"
အားပါးပါး တော်တော်ကို ချော အဲ မဟုတ်သေးဘူး လှတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။
အရပ်ကရှည်ရှည် မျက်ခုံးကောင်းကောင်း မျက်လုံးတောက်တောက် နှာတံထင်းထင်းလေးတွေ အထူးခြားဆုံးက နှုတ်ခမ်းအောက်ထောင့်က မှည့်နက်လေး၊ တစ်ကယ်ကိုလှတယ်။
ယောကျာ်းလေးတစ်ယောက်က ဒီလောက်လှဖို့ လိုလို့လား။
"ဟေ့ ငါပြောနေတာကြားလား"