အပိုင်း(၁၃)
2.6K 161 0
Las Vegas မြို့တစ်နေရာ။
"လိုက်စမ်း"
"ဟုတ်ကဲ့ သခင်လေး"
ဒိုင်းဒိုင်းဒိုင်း!!!
သေနတ်သံတွေညံနေသည့်အပြင် ကျည်ဆံတွေ တစ်ဝီဝီမြည်နေသံက ပျားပုတုံးများအလား။
"Yibo Yibo...မင်းသတိမလစ်ရဘူးနော်"
"အင်းပါ ငါသတိရှိပါတယ်"
ဝမ်းဗိုက်က ဒဏ်ရာကို လက်နဲ့ဖိထားရင်း Zhou Cheng တစ်တွတ်တွတ် ပြောနေမိသည်။
Hotelကထွက်လာကတည်းက ကျွန်တော်သတိပေးတယ်၊ bodyguard များများမဟုတ်တောင် (၂)ယောက်လောက်ခေါ်ခဲ့ဆိုတာ၊ ရတယ် ရတယ်နဲ့ တစ်ယောက်ပဲခေါ်လာ၊ ကံကောင်းလို့ ခေါ်လာတဲ့ လူက ဟိုဘက်က တစ်အုပ်ကြီးကို ဖြိုချသွားတာ၊ လူသုံးယောက်နဲ့ လူတစ်စုဆိုတော့ ပစ်ရင်းခတ်ရင်း Yiboကိုထိလေသည်။
"Arr...ဒီကောင်တွေ ငါ့အသေသတ်တာပဲ"
"အေး သိပြီလား သိပြီလား၊ ငါ့စကားတော့ နားမထောင်ဘဲ"
"ဟုတ်ပါပြီ မင်းသမီးလေးရယ်"
"Wang Yibo!!!"
" ဟား ဟား ဟား ဟား အ!!"
"နာပြီမှတ်လား၊ Ambulanceက မလာသေးဘူးလား"
"Zhou Chengရ ကိုကို့ဆီ ငါ့ကိုPhလေးခေါ်ပေးပါလား"
"ဟင်???အေး အေး ကားပေါ်ရောက်ရင် ငါဆက်ပေးမယ်"
"အာ...မရပါဘူး ကိုကိုသိသွားမယ်"
"အော် အေး အေး "
လက်နှစ်ဖက်ကိုမြှောက်ကာ ငါတော့မနိုင်ဘူးဆိုတဲ့ပုံမျိုး လုပ်ပြလေသည်။
"မဟုတ် ဘူးလေ ကွာ ၊ ငါက ဒီအတိုင်း ဆက်ချင်တာ"
နောက်ဆုံး ဘယ်လိုမှ ပြောမရတာမို့ ဌာနေကို ph ခေါ်ပေးရသည်၊ အချိန်ကွာဟမှုကြောင့် Phကိုင်နိုင်ပါ့မလားပဲ၊ အိပ်နေရင်တော့ မသိဘူး Yibo ရေ။
"Hello"
အိပ်ချင်မူးတူးအသံလေးနဲ့ ကိုကို၊ အဟက်!!!ဘယ်လိုလေးလဲ။
"Hello....!!!"
ကျွန်တော်ဘက်က တိတ်ဆိတ်နေတော့ ညစ်ငြူးသံလေး ထွက်လာလေသည်။