အပိုင်း(၁၈)
3K 161 6
"Zhan Zhan!!Zhan Zhan!!"
"သခင်လေး Bin သခင်လေးက အပေါ်ထပ်မှာပါရှင့်"
အပေါ်ထပ်ကို အပြေးတက်ကာ Zhan Zhan အခန်းကို ဝင်တော့မှ ဆရာသမားက အထုပ်ပိုးတွေ လုပ်နေလေသည်။
"ဘာလဲ ဒီတစ်ခေါက်က ငါမလိုက်ရဘူးလား"
ဒီနေ့ အန်ကယ်လ်Xiaoနဲ့ စကားစပ်မိရင်း Shin အုတ်ဂူရှိရာ သွားလည်မည်ဆိုတာ သိလိုက်ရသဖြင့် အိမ်ကို အပြေးအလွှား လာခဲ့ရသည်။
"လာလေ Bin"
"ဟိုကလေးရော"
"သူ့အိမ်မှာ ယူစရာရှိလို့တဲ့ကွာ...အဲ့ဒါ ကားသမားနဲ့ လွှတ်လိုက်တယ်"
"အထူးအဆန်းပါလား"
မီးလောင်မှုကိစ္စ ဖြစ်ပွားပြီးကတည်းက Xiai Zhanမှာ Yiboကို မျက်စိအောက်က အပျောက်မခံ၊ ဘယ်သွားသွား ရှိသမျှအလုပ်အကုန်ဖျက်ကာ လိုက်တော့သည်။
"အင်း စာချုပ်ကိစ္စတစ်ခု လက်မှတ်ထိုး အပြီးသတ်နေရလို့"
"Yiboကို ဖွင့်ပြောတော့မယ်လား"
"ငါဝန်ခံမှာ!!!"
"အင်း အင်း ဟုတ်ပါပြီ...ငါလိုက်မှာနော်"
"မင်းအထုတ် ကားပေါ်တောင် တင်ပြီးပြီ"
"အဟားးး ချစ်ဖို့ကောင်းတဲ့ ငါတို့သူငယ်ချင်းယုန်ပေါက်လေး"
ကျောင်းတုန်းက ထုံးစံအတိုင်း ပြေးပြီးဖက်လျက်သား ခုန်နေတော့သည်။
ဒါကို အခန်းပေါက်ဝကနေ Yiboက စူးစိုက်ကာ ကြည့်နေတော့သည်။
ဘာ...ယုန်ပေါက်လေး၊ ကိုကို့မှာ ငါမသိသေးတဲ့ ချစ်ဖို့ကောင်းတဲ့နာမည်တွေ အပြုအမူတွေ ရှိနေသေးတာပဲ။
"Bin Bin!!!"
လက်နဲ့ပုတ်ကာ အတင်းဖယ်ခိုင်းမှ လူကိုဖက်ထားရာမှ ခွာလေသည်၊ မဟုတ်လျှင်လည်း အကြည့်စူးစူးတစ်စုံက ကျောချမ်းဖွယ်ကောင်းလောက်အောင် စူးစိုက်အကြည့်နဲ့ ခေါ်လိုက်သည်မို့။
"ကိုကို!!"
"အဟမ်း ညီ အကုန်ပြီးပြီလား"
"ဟုတ်ကိုကို"
အောက်ထပ်မှာတော့ ဟိုကို ရောက်လျှင်စားဖို့ စားစရာအချို့နဲ့ လိုအပ်တဲ့ပစ္စည်း နည်းနည်းပါးပါး ကားပေါ် တင်လေသည်။